သားအိမ်တွင်းထည့်ပစ္စည်းသုံး၍ သားဆက်ခြားနည်း- IUCD Contraception Method

သားအိမ်တွင်းထည့်ပစ္စည်းသုံး၍ သားဆက်ခြားနည်း

အသုံးများ သော ပစ္စည်း နှစ်မျိုးမှာ - Copper T -380 A
- Multiloaded Cu 375 တို့ ဖြစ်သည်။
ပထမ ပစ္စည်း က ( ၁၀ ) နှစ် ခံ ၍ ဒုတိယ ပစ္စည်း က ( ၇ ) နှစ်ခံ သည်။
၎င်း သည် ကွေးဆန့် နိုင်သော ( T ) ပုံ စံ ပစ္စည်း ဖြစ်ကာ ကြေးမျှင် ဖြင့် ပတ်ထား သည်။ရည်ရွယ်ချက် မှာကိုယ်ဝန်ရစေသောဖြစ်စဉ်တွင် မမျိုဥ နှင့် သုတ်ကောင် မတွေ့ စေ ရန် နှင့် သားအိမ်နံ ရံ တွင် လာ မတွယ် ကပ်နိုင်စေရန် ဖြစ် သည်။

ဤနည်းသည် ကျွမ်းကျင် သော ဆရာဝန် ၊ သားဖွား ဆရာ မ များ ၊ အထူး သင် ကြား ထား သူ များ သာ တတ် ဆင် ထည့်သွင်း ပေး နိုင်သော် လည်း အမျိုးသမီး ၏ သတိ မ ကောင်း လည်း သုံး နိုင် ခြင်း ၊ ဆက်ဆံမှုကို အနှောက် အ ယှက် မဖြစ် စေ ခြင်း ၊ ဈေးနှုန်း သင့် တော် ခြင်း ၊ နို့ တိုက် မိ ခင်များ သုံး နိုင် ခြင်း ၊ ဟော်မုန်း ဆိုး ကျိုး ကြောက် သူများလည်း ဟော်မုန်း မ ပါ ၍သုံးရန်သင့်တော်ခြင်း ၊ ၉၈ % အ ထိ ကိုယ် ၀န်မရအောင် ကာ ကွယ်နိုင် ခြင်းနှင့် သွေးဆုံး ခါနီး အမျိုးသမီး များ သား ကြော ဖြတ် ခြင်း အ စား သုံး နိုင် ခြင်း တို့  ကြောင့် တဖြည်း ဖြည်း လူကြိုက် များ လာ သော နည်း ဖြစ်ပါ သည်။

ကလေးမွေး ပြီး ( ၄၈ နာရီ နှင့် ၄ ပတ် အ ကြား ) က လွဲ ရင် ၊ ကိုယ်ဝန်မရှိနေရင် ဘယ်အချိန်မဆိုထည့်နိုင် သည်။ဆက်ဆံအပြီး ၅ ရက် အတွင်း လဲ ထည့်နိုင်သော ကြောင်. အရေးပေါ်တားဆေး တစ် မျိုး လည်း ဖြစ်ပါသည်။

သားအိမ်တွင်းထည့်ပစ္စည်း ထည့်သွင်း ပြီး ၃- ၄ လ အ ကြာလောက် ထိ ဆီးစပ်ကိုက်ခဲခြင်း ၊ ရာသီသွေးဆင်းတာ များ ခြင်း တို့  တော့ဖြစ်စေ တတ် သည်။၃- ၄ လကျော် လျှင် ကောင်း သွား ပါမည်။ အပြင်သို့ ထွက်ကျခြင်း ၊ အတွင်းသို့ ဖောက်ဝင်ခြင်း ၊ ပိုးဝင်ခြင်း ၊ သားဥ ပြွန်ယောင်ခြင်း တို့  ရှား ရှားပါးပါး ဖြစ် တတ် သည်။

သားအိမ်တွင်းထည့်ပစ္စည်း ထည့်ပြီးလျှင် တစ် လ တစ် ခါ ရာသီလာပြီး တိုင်း စောင့်ကြောင့်ထိုင်ကာ သားအိမ်ခေါင်းအ၀ က နေ မိန်းမကိုယ်အပေါက် ထဲ ကျနေ တဲ့ ကြိုးလေး ကို စမ် ကြည့် ပေး ဖို့  လို အပ် ပါ သည်။ ၄င်း ကြိုး မ စမ်း မိ ရင် ၊ ရာသီ ထိန် ရင် ၊ ဗိုက်အောက်ပိုင် နာ ၇င် ဆေးရုံသို့  ပြ သ ရန် လို အပ် သည်။

ရိုးရိုးကလေးမွေးဖူးသူ ၊ ကလေး နို့ တိုက်နေ သူ ၊ မိသားစု ပြည့်စုံ ပြီးသော် လည်း သားကြောမဖြတ်လိုသူ၊ အရေးပေါ်သားဆက်ခြားချင်သူ များ သုံး နိုင် ပါသည်။

သားအိမ်တွင်းထည့်ပစ္စည်းမသုံး သင့်သူများ မှာ - ကိုယ်ဝန်ရှိသည် ဟု သံသယ ရှိသူ ၊ ကလေးမမွေးဖူးသူ ( သားအိမ်ဝ ကျဉ်း နေ သေး ၍ )၊ဆက်ဆံဖော်များသူ ၊ လိင်မှတဆင့်ကူးစက်တတ်သောရောဂါရှိသူ ၊ ရာသီသွေးအဆင်းများလွန်းသူ၊ သွေးအားနည်းနေသူ၊ သားအိမ်ပုံ မမှန် သူ ၊ သားအိမ်အလုံးရှိ သူ ၊ နှလုံးရောဂါရှိသူ ၊ ကြေးနီ နှင့် မတည့်သူ ၊ သားဥပြွန်ရောင်ဖူးသူ ၊ သားဥပြွန် သားန္ဓေတည်ဖူးသူ ၊ စပျစ်သားန္ဓေတည်ပြီးစသူ ၊ ခုခံအားကျေ၇ာဂါရှိသူ တို့  ဖြစ်သည်။

Comments :

0 Comments to “သားအိမ်တွင်းထည့်ပစ္စည်းသုံး၍ သားဆက်ခြားနည်း- IUCD Contraception Method”

Post a Comment

 
May You Meet
TrustWorthy Persons
in Your Life

KoGyiThu
ဒီ ဘလော့ မှာ Photo တွေ ကို Blogspot က နေ တင် ပြီး တဆင့်  သုံး တဲ့  အ တွက် မြန် မာ နိုင် ငံ မှ အင်တာနက် သုံး သူ များ အနေ ဖြင့် photo တွေ ကို မြင် ရ မှာ မ ဟုတ် ပါ ဘူး ။ကို ကြီး သူ က အမှတ် တ၇ တင် ထား တာ သက် သက် ဆို တော့  နောင် များ မှာ UnBlocking the Blog အချိန် လေး များ ရောက် ရင် တော့ံ ပြန် ကြည့် နိုင် မှာ ကို ကို ယ် တိုင် လဲ မျှော် လင့် နေ ရ ကြောင်း ပါ ခင် ဗျာ .။