ဟင်္သာစကား ကိုးသောင်းအမီ

ဟင်္သာစကား ကိုးသောင်းအမီ

အဲဒိဆရာဝန်က အဲဒိလိုညံ့တာ ၊ အဲဒိဆရာဝန်က
..အဲဒိဘာသာရပ်ကဆရာဝန်တွေက....အဲဒိဆေးခန်းကဆို ..အဲဒိဆေးရုံကဆို...အဲလို..

ဒါပေမယ့်..ကျွန်တော်လိုဆရာဝန်သာဆို...ကျွန်တော်တို့ကတော့...ဒီဆေးခန်းမှာဆို
..ဒီဆေးရုံမှာဆို... ၊

.................................ဒီလိုဒီလို ပြောဖြစ်ခဲ့ ကြပေမဲ့
လဲပဲ....လူနာတွေမှတ်သားပြီးတဆင့်စကား ပြန်ပြောကြတာ ကတော့...ဒါပေမယ့်ရဲ့
ရှေ့ က စကားများသာ..... ဖြစ်နေလေ့ ရှိလေတော့ ....

ဟိုဆရာဝန် ပြောတော့ ဒီဆရာဝန် မကောင်းဘူး တဲ့ ၊ ဒီဆရာဝန်က ပြောပြန်တော့ လဲ
ဟိုဆရာဝန်က မကောင်းဘူး တဲ့ ..ဒါဖြင့်ရင်...
ဟိုဆရာဝန်လည်း မကောင်းဘူး ၊ ဒီဆရာဝန် လည်းမကောင်းဘူး ဖြစ်သွားပါတော့တယ် ...

အဲဒိလို အပြောခံရတာ များလာတဲ့ အခါ ..ဟင်္သာကိုးသောင်း ပြည့်သွားတဲ့ အခါ
...ဒီနိုင်ငံက ဆရာဝန်တွေက ဘယ်သူမှ မကောင်းဘူး ဖြစ်သွားပါတော့
မယ်................။အဲဒိအခါ ..ဆရာဝန်တွေအပေါ် ယုံကြည်မှုတွေ
လျော့ပြီးရင်း လျော့ပါးသွားနိုင်ပါတယ်.....။

ဟိုဆရာဝန်မှာမကောင်း တာ ရှိချင်ရှိနိုင်သလို ကောင်းတာလဲရှိနေနိုင်တာပါပဲ
၊ ဒီဆရာဝန်မှာလဲ ကောင်းတာအပြင် မကောင်းတာလဲ ရှိချင်ရှိနိုင်ပါတယ် ၊
အားလုံးမကောင်းတာလဲ ရှိနေချင်ရှိနေနိင်တာပဲပေါ့ ....ဒါပေမယ့်
...ဒီမှာရှိနိုင်သလို ဟိုမှာလဲရှိနိုင်တာပါပဲ
...ကွာခြားချက်တွေလဲရှိချင်ရှိနေနိုင်တာပါပဲ ..၊၊

အဲဒီတော့လဲ ...ဒီလို မပြော ကြတဲ့ ..စကားမပေါက်လို့လဲ ဖြစ်ရင်
ဖြစ်မှာပေါ့..ဒါပေမယ့် ဒီလို တော့ အပြောခံ ရမှာ မရှိတဲ့
တိုင်းတပါးမှာ ပဲ ကုကြစို့ လို့ ငွေကြေးတတ်နိုင်သူ တွေက
စဉ်းစားဖြစ်ကြတယ်...ဘာလို့ဆို ..ဟိုဆရာဝန်မကောင်းဘူး ၊ဒီဆရာဝန်မကောင်းဘူး
လို့ အပြောမခံရလေတော့ ...အားလုံးကောင်းနေတယ်လို့ ...subconscious mind
မှာ ခံယူနေမိတတ် လို့ပါပဲ ....။

မကောင်းတဲ့အချက်က တတ်နိုင်တဲ့လူတွေလို တိုင်းတပါးသွား ဆေးမကုနိုင်တဲ့
....ငွေကြေးမတတ်နိုင်ကြတဲ့ လူနာအများစုအတွက်
...ဆေးရုံဆေးခန်းလာရတာ..စိုးတထိတ်ထိတ်ဖြင့်..ရောဂါအတွက်ထက် ဆရာဝန်ပေးမယ့်
ဆေးအတွက် ရင်လေးနေကြမှာဖြင့် ...မြင်မိပါသေးတယ် ။

ဆေးကုခြင်းမှာ လူနာနှင့်ဆရာဝန် ကြားကဆက်ဆံမှုမှာ ယုံကြည်မှု က
အခြေခံလေတော့ ...ဟင်္သာစကားတွေ အပြောများလာတဲ့နေ့ တွေ
လျော့ပါးသွားစေချင်မိပါကြောင်း ၊...ဟင်္သာကိုးသောင်း မပြည့်ခင် ..သတိ နဲ့
အသိ ရှိကြစေချင်မိပါကြောင်း.............၊၊

 
May You Meet
TrustWorthy Persons
in Your Life

KoGyiThu
ဒီ ဘလော့ မှာ Photo တွေ ကို Blogspot က နေ တင် ပြီး တဆင့်  သုံး တဲ့  အ တွက် မြန် မာ နိုင် ငံ မှ အင်တာနက် သုံး သူ များ အနေ ဖြင့် photo တွေ ကို မြင် ရ မှာ မ ဟုတ် ပါ ဘူး ။ကို ကြီး သူ က အမှတ် တ၇ တင် ထား တာ သက် သက် ဆို တော့  နောင် များ မှာ UnBlocking the Blog အချိန် လေး များ ရောက် ရင် တော့ံ ပြန် ကြည့် နိုင် မှာ ကို ကို ယ် တိုင် လဲ မျှော် လင့် နေ ရ ကြောင်း ပါ ခင် ဗျာ .။