Date Contraception -ရက်ရှောင်နည်းဖြင့် သားဆက်ခြားခြင်း

ရက်ရှောင်နည်းဖြင့် သားဆက်ခြားခြင်း

ဤရက်ရှောင်၍ သားဆက်ခြားနည်းကို ရာသီရက် ပုံမှန်လာသူများ နှင့် မတော်တဆ ကိုယ်ဝန်ရမှာ မ ကြောက်သူများ သာ သုံး သင့် ပါ သည်။ဤနည်းသုံးလိုလျှင် မသုံးခင် (၆) လ လောက် ကြို၍ ရာသီလာရက် ကို မှန် မှန် မှတ်ထားသင့်ပါသည်။

တွက်ချက်ပုံမှာ -(၁) ရာသီ တ ခါ နှင့် တခါ ရက်ဘယ်လောက် ကွာသလဲ မှတ်ပါ
၎င်းတို့ မှ အ တိုဆုံးရက် မှ ( ၁၈ ) နှုတ်ပါ ၊ အရှည်ဆုံးမှ (၁၁) နှုတ်ပါ
ရလာသောရက်များ အကြား ဆက်ဆံမှု ကို ရှောင်ပါ။
ဥပမာ - ( ၂၅ - ၁၈ = ၇ ) ( ၃၂ - ၁၁ = ၂၁ ) ထိုအခါ ရာသီစလာသောရက်မှ (၇ ) ရက်မြောက်ရက်မှနေ ( ၂၁ ) ရက် အ ကြား ရှောင်ပါ။

(၂) ရာသီမလာခင် ( ၇) ရက်မှ ရာသီလာပြီး ( ၇) ရက်အထိ ရှောင်ပါ ။

(၃) ရာသီစလာသောရက်မှ စ ကာ နံနက်တိုင်း ကိုယ်အပူ ချိန် တိုင်း ပါ။
အပူချိန် ( > ၀. ၂ C (သို့ ) > ၀.၄ F )စတက်သောနေ့  နောက် ( ၃ ) ရက် ရောက်ပြီး လျှင် အ တူနေ နိုင် သည်။

(၄) သားအိမ်ခေါင်း က ချွဲ ရည် အပျစ် အ ကျဲ ကို ပုံ မှန် စမ် ကြည့်နေ ရင် စိုရွှဲနေရာ မှာ ချောက်သွေ့  နေ လျှင် အတူနေ ပါ။

(၅)နံနက်စောစော ပေါက်သော ဆီး ကို ဆီးစစ် ချောင်း ( Urine test stick ) နဲ့  တိုင်း ပါ ။
( ၁ ) ချောင်းပေါ် က အ တူ နေ နိုင် သည်။
( ၂ ) ချောင်းပေါ်က အ တူ မ နေသင့် ပါ။


ဤရက်ရှောင်၍ သားဆက်ခြားနည်း ကို ရာသီမမှန်သူ ၊ အဖော်များသူ ၊ မှတ်တမ်းမထားသူ၊ ကိုယ်ဝန်မဆောင်သင့်သောရော ဂါရှိသူ ၊ ကိုယ်ဝန်ဖြစ်လာမှာစိုးရသူ များ မ သုံးသင့်ပါ။

ဤရက်ရှောင်၍ သားဆက်ခြားနည်းသည် အကုန်အကျအ နည်းဆုံးဖြစ်သော် လည်း မတော်တဆ ကိုယ်ဝန်ရနိုင်နှုန်းမှာ အမြင့်ဆုံးဖြစ် သည်။
လိင်ဆက်ဆံမှု နှင့် ဆန္ဓပြည့်ဝမှုကို မူ နှောက် အ ယှက် မ ဖြစ် စေသလို ၊ ဘေးထွက်ဆိုးကျိုးလည်းမရှိသဖြင့် ကိုယ်ဝန်ရမှာ မ ကြောက်ရသော အိမ်ထောင်သည်များ အ ကြိုက်လည်းဖြစ်ပါသည်။

Comments :

1
Anonymous said...
on 

ဆရာ
(၂) ရာသီစလာပြီး (၇) ရက် အတွင်း နဲ့  ရာသီမလာခင် (၇) ရက်အလို ကို ရှောင် ပါ။
ဆိုတာကို ပြန်စစ်ပေးပါခင်ဗျား။
လေးစားလျက်
တင့်ဆွေ

Post a Comment

 
May You Meet
TrustWorthy Persons
in Your Life

KoGyiThu
ဒီ ဘလော့ မှာ Photo တွေ ကို Blogspot က နေ တင် ပြီး တဆင့်  သုံး တဲ့  အ တွက် မြန် မာ နိုင် ငံ မှ အင်တာနက် သုံး သူ များ အနေ ဖြင့် photo တွေ ကို မြင် ရ မှာ မ ဟုတ် ပါ ဘူး ။ကို ကြီး သူ က အမှတ် တ၇ တင် ထား တာ သက် သက် ဆို တော့  နောင် များ မှာ UnBlocking the Blog အချိန် လေး များ ရောက် ရင် တော့ံ ပြန် ကြည့် နိုင် မှာ ကို ကို ယ် တိုင် လဲ မျှော် လင့် နေ ရ ကြောင်း ပါ ခင် ဗျာ .။