Eye , Light and Healthy eye--မျက်စိ ၊ အလင်းရောင် နှင့် ကျန်းမာရေး

မျက်စိ ၊ အလင်းရောင် နှင့် ကျန်းမာရေး


မျက်စိသည် အ ရာဝတ္ထုများ ကို အ လင်း ရောင် ရှိ မှ သာ မြင် ရ သဖြင့် မျက် စိ သည် အလင်း ရှိမှ သာအ သုံး ပြု ၍ ရ သော ကိုယ် အင်္ဂါ အစိတ် အပိုင်း တစ် ခု ဟု ဆို နိုင် သည်။အလင်း သည် မျက် စိ အား မြင်အား ဖြစ် ဖို့ ရ တွင်အ လင်း အား ပေါ် မူ တည် ၍ အ ကောင်း ရော အ ဆိုး ပါဖြစ် စေ နိုင် ပါ သေး သည်။အလင်းရောင် ပြင်း လွန်း ၊ မှုန် လွန်း ၊ နည်း လွန်း လျှင် မျက် စိ အား ဘေး ဖြစ် စေ တတ် ပါ သည်။

စာသင် ခန်း တွင်း ရှိ သင် ပုန်း ၊ White Board များ ပေါ် ကျ သော အလင်း သည် အ ခန်း တွင်း ကျ ရောက်သော အ လင်း ထက် ပို များ သင့်သည်။

အလင်း ရောင် ကောင်း ကောင်း ရ သော အ ချိန် နေ ရာ တွင် သာ စာ ရေး စာ ဖတ် ပြု လုပ် သင့် သည်။

အလင်းေ၇ာင် နည်း လေ မျက်စိ အား စိုက် ရ မှု များ လေ ဖြစ် သည် ။ထို့  အ တူ ပို ၍ အ နီး ကြည့်ရလေ မျက် စိ အား စိုက် ရ လေ ဖြစ် သည်။ မျက်စိ နှင့် ဆိုင် သော စာ အုပ် များ တွင် " မျက် စိ သည် အ ဝေး ကြည့် အ တွက် သ ဘာ ၀ က ဖန် တီး ထား ခြင်း ဖြစ် သည် " ဟု ပင် ဆို ကြ သည်။ထို့  ကြောင့် အ လင်း ရောင် အား နည်း လျှင် အ နီး ကြည့် လုပ် ငန်း လုပ် ကိုင် ခြင်း ကို ရှောင် ကျဉ် သင့် ပါ သည်။အ နုစိတ် လုပ် ရ လေ အလင်း ရောင် များ များ လို လေ ဖြစ် သည်။

အလင်း သည် မိ မိ မျက်စိ ထဲ သို့  တိုက် ရိုက် မ ထိုး စေ သင့် ပါ။

မိ မိ ကြည့် သည့် အ ရာ ပေါ် အ ရိပ် မ ကျ စေ ဖို့  ရာ လဲ သ တိ ပြု ရ မည်။ အ ရိပ် ကျ ပါ က ပေး သ လောက် အ လင်း ရောင် မ ရ ဖြစ် တတ် သည်။

အ လင်း သည်နောက် ဘက် မှ နေ ၍ မိ မိ က ညာ သန် ဆို က ညာ ဘက် မှ ၊ ဘယ် သန် ဆို က ဘယ် ဘက် မှ ကျ ရောက် သင့် သည်။

စာရေး စာ ဖတ် အ ပါ အ၀င် အ နီး ကြည့် လုပ် ငန်း များ တွင် အ နီး ဆုံး အ ကွာ အ ဝေး သည် ( ၁ ပေ ) ဖြစ် သင့် သည်။ ထို့  ထက် နီး က မျက် လုံး အား ပို စိုက် နေ ရ ပါ မည်။

စာ ကို နာ ရီ ၀က် ၄၅ မိနစ် ထက် ပို ၍ ဆက် တိုက် မ ဖတ် သင့် ပဲ ခဏ ခ န ပြတင်းမှ နေ ၍ အ ဝေး သို့  ကြည့် ပေး သင့် သည်။ အ နား ပေး ရ ပါ မည်။

လူ အား နည်း လျှင် မျက် စိ လည်း အား နည်း သည်။ အ ထူးသဖြင့် ဖျား နာနေစဉ် ၊ နာ လန်ထ စ နှင့် ၊ သားဖွားပြီး စ အ ချိန် များ တွင် အနီး ကပ် အား စိုက် ရ သော လုပ် ငန်း များ ၊ စာရေးစာဖတ် ခြင်း များ ကို မ ပြု လုပ် သင့် ပဲ လူ အ နား ယူ သ လို မျက် စိ လည်း အ နား ယူ ဖို့ သင့် ပါ သည်။

Comments :

0 Comments to “Eye , Light and Healthy eye--မျက်စိ ၊ အလင်းရောင် နှင့် ကျန်းမာရေး”

Post a Comment

 
May You Meet
TrustWorthy Persons
in Your Life

KoGyiThu
ဒီ ဘလော့ မှာ Photo တွေ ကို Blogspot က နေ တင် ပြီး တဆင့်  သုံး တဲ့  အ တွက် မြန် မာ နိုင် ငံ မှ အင်တာနက် သုံး သူ များ အနေ ဖြင့် photo တွေ ကို မြင် ရ မှာ မ ဟုတ် ပါ ဘူး ။ကို ကြီး သူ က အမှတ် တ၇ တင် ထား တာ သက် သက် ဆို တော့  နောင် များ မှာ UnBlocking the Blog အချိန် လေး များ ရောက် ရင် တော့ံ ပြန် ကြည့် နိုင် မှာ ကို ကို ယ် တိုင် လဲ မျှော် လင့် နေ ရ ကြောင်း ပါ ခင် ဗျာ .။