A-New_and_Advice_(သတင်းကောင်းတစ်ခုနှင့်)

သတင်းကောင်းတစ်ခုနှင့်

မတ်လ ၁၆ ရက်နေ့  ထုတ် ကုမုဒြာ ဂျာနယ် မှာ KYM ရဲ့ သတင်း တစ် ပုဒ် ကို ဖတ်မိပါတယ် ။ဖတ်နေရင်းအတွေးလေးပေါ်လာလို့ ဒါလေးတွေရေးလိုက်မိပါတယ် ။

သတင်း က ရှမ်းပြည်နယ် ၊ အောင်ပန်းမြို့  မှာ " ဖြူစင်မေတ္တာ ဆေးပဒေသာ " အဖွဲ့ ဖွဲ့  စည်းပြီး ဆင်းရဲနွမ်းပါးသော လူနာတွေကို ဆေးဖိုး အကူအညီပေးနေတဲ့ အကြောင်းပါ။
ဖေဖေါ်ဝါရီလမှာ လူနာ ၂၅ ဦးကို ကျပ် ၃သိန်း ခွဲ ဖိုး အကူအညီပေး နိုင် ခဲ့ ပြီး ယခုမတ်လမှာလူနာ ၃၀ ဦးကို ကျပ် ၃ သိန်း ဖိုးကူညီဖို့  ဆောင်ရွက်နေကြောင်း နဲ့  တောင်ကြီးဆေးရုံထိ ပို့  ပြီးကုသဖို့ လိုအပ်သူဆို ရင် ငွေကျပ် ၁ သိန်း အ ထိကူညီဖို့ ရှိတယ်လို့ ဆိုပါတယ်။
အကူအညီလိုသူ ၊ အကူအညီပေးလိုသူ တွေအနေနဲ့  ဦးမျိုးထွန်း (၀၈၁- ၆၀၀၄၆) နဲ့  ဦးမြင့်အောင် (၀၈၁ - ၆၀၀၂)ကို ဆက်သွယ်နိုင်တယ်လို့ လဲဖော်ပြထားပါတယ် ။

အရင်က "ဗြဟ္မစို ရ် နာရေးကူညီမှုအသင်း" စတငပေါ်လာပြီး တဲ့နောက် တနိုင်ငံလုံး နာရေးကူညီမှုအသင်းတွေ အလျှို လျှိုပေါ်လာခဲ့သလိုမျိုး ကျန်းမာရေးနဲ့  ဆေးအကူအညီပေးရေး အသင်းတွေ ပေါ်ပေါက်လာလျင်ဖြင့် ဆင်းရဲနွမ်းပါးသူများအတွက် ၀မ်းမြောက်စရာပါ။
သေပြီးမှအကူအညီရသည်ထက် မသေဖို့ အကူအညီ ပါရ မည် ဆိုပါလျင်ပိုလို့ ဝမ်းမြောက်စရာဖြစ်ရပါမည် ။

မန္တလေးဆေးရုံကြီးတွင်တော့ "ဗြဟ္မစို ရ် နာရေးကူညီမှုအသင်း" မှငွေကြေးချို့ တဲ့ သူများကိုအကူအညီပေးနေပါသည်။ဆေးကုသဆောင်(၁)၊(၂)၊(၃)နှင့် သံဃာ့ဆေးရုံ တို့ ကိုအဓိကထား ကူညီနေပါသည်။ထိုကဲ့သို့ နွမ်းပါးသူများအား ဆေးဖိုးဝါးခကူညီရေး အသင်းအဖွဲ့ များ ထပ်မံပေါ်ပေါက်လာဦးမည်ဆိုပါလျင်၊ မြန်မာနိုင်ငံတွင်ဘုရားဒကာ ၊ ကျောင်းဒကာတွေ ပေါများနေသလို ဆေးအလှုဒကာ ဆေးအလှုဒကာမတွေပေါ်ပေါက်များပြားလာပါလျှင် မ ည်မျှ သာဓုခေါ်ဖွယ်ဖြစ်ပါမည်နည်း ။

မြတ်စွာသောဗုဒ္ဓဘုရားက " သူနာကို ပြုစုသူသည် ငါဘုရားကို ပြုစုသည် မည် ၏ " ဟုမိန့် ကြားဖူးသည် မဟုတ်ပါလား ။ ။


How_to_Make_FragranceRoom_with_Less_money

တခန်းလုံး တဆိုင်လုံး ကို ရေမွှေးတစက်နှင့်မွှေးအောင်ဖြန်းနည်း (ကိုကြီးသူမှတ်စု)

(၁) ဆံပင်ညှပ်ဆိုင်သုံး ခေါင်းရေဖြန်း ဘူး တစ်ဘူး ၀ယ်ပါ။
(၂) ရေကို လက် သုံးလုံး လောက် လျှော့ ထည့် ပါ ။
(၃) အဲဒိ ရေထဲ ကို ရေမွှေး ဆီ တစက် (တကယ့်ကိုတစ်စက်ထဲ) ထည့် ပါ။
(၄)သမအောင် ဘူး ကို လှုပ်ပါ။
(၅) အခန်း ထောင့်၎ထာင့်ကို ဖြန်း လိုက်ပါ။

ဝှါး..........မွှေးလိုက်တာ လို့  ပြောနိုင်ပါပြီ ။ ။

Five_Difficulties_For_Parents(မိဘကို ကျွေးမွေးဖို့  ဒုလ္လဘ တရား (၅) ပါး )

မိဘကို ကျွေးမွေးဖို့  ဒုလ္လဘ တရား (၅) ပါး

(၁) မိဘကို ကျွေးမွေးရန် မိမိမှာ စေတနာရှိခြင်း
(၂) မိမိမှာ ကျွေးနိုင်သော အင်အား ရှိခြင်း
(၃) ကိုယ့်ကို မိဘက အားကိုးခြင်း
(၄) မိဘမှာ အသက်ရှင်လျက်ရှိခြင်း
(၅) မိဘမှာကျန်းခန့်  သာယာစွာရှိခြင်း
(ဦးသုခ)

How_Man_Die

လူသေပုံ (ကိုကြီးသူမှတ်စု)

လူတစ်ယောက် သေ တော့မယ်ဆိုရင် ဒီလို အဆင့်တွေ ဖြစ်တတ်တယ်လို့ မှတ်သားဖူး ပါတယ်။
ပထမဆုံး သွေး ဆုတ်လာတယ် ပြီးတော့ မျက်နှာဖြူဖတ်ဖြူရော်ဖြစ်လာတယ်။ နားရွက်လန်လာတယ်။မျက်စိလည်သွားပြီးမေးထိုးလာတယ်။ ပြီးတော့ ခြေလက်တဆတ်ဆတ်ဖြစ်တယ်။အသက်ရှုပြင်းသထက်ပြင်းလာတယ်။ဇောချွေးတွေ နဖူး တွေကပါထွက်လာတယ် ။ နောက်ဆုံးမှာတော့ ရေခဲလို အေးစက်သွားတယ်လို့  ဆိုပါတယ်။

Eyes-And-Man

မျက်လုံး ၊ မျက်မှန် နဲ့  လူ

မျက်မှန် တတ်သင့် သူ နဲ့  မျက်စိ ရောဂါ ရနေတဲ့သူ မတူ ပါဘူး ။
မျက်စိ ရောဂါ ရနေတဲ့သူ က မျက် စိ က နာ လဲနာ ၀ါး လဲဝါး ပါတယ် ။
မျက်မှန် တတ်သင့် သူ က တော့ အမြင်ပဲ ၀ါး တယ် ၊ မနာပါဘူး ။

တချိုက မျက်မှန်(ပါဝါနဲ့ )တတ်ရင် တဖြည်းဖြည်းပါဝါတိုးတတ်ရတယ် လို့  ထင်ကြတယ် ။ မမှန်ပါဘူး။
မျက်စိဆရာဝန်ကြီး တယောက်က တော့ အခုလို ဥပမာပေးပါတယ်။ဖိနပ်စီးလို့ ခြေထောက်ပိုကြီးလာပြီး ဖိနပ်ပိုကြီးတာကို စီးစီးလာရတာ မဟုတ်သလိုမျိုး ပဲလို့  ဆိုပါတယ်။

မျက်လုံးဟာ သဘာဝက အဝေးကြည့်ပိုအားသန်အောင် လုပ်ပေးထားပါတယ် ။ခဏခဏ အဝေးကို ကြည့်ကြည့် ပေးသင့်ပါတယ်။ အဲဒိတော့ မျက်လုံးအနားပေးတဲ့ အနေနဲ့ အခုပဲ အဝေးကိုခဏ (at least 5 secconds )လောက် ကြည့်ပေးပါစို့ လား ။

PhotoThinking-ဓာတ်ပုံ အယူအဆများ

ကင်မရာ အယူအဆများ (ကိုကြီးသူမှတ်စု)
(၁)မရွှေ့ နိုင်တဲ့ အရာကို ရိုက်လျှင်နံနက်နေရောင် ၊မွန်းတည့်နေရောင် ၊မွန်းလွဲနေရောင် ၊နေ၀င်ရီတရော ၊မှောင်ပြီးနောက်
ဆိုပြီး အလင်းသက်ရောက်မှုကွာပါမည်။
(၂)ရွေ့ နိုင်တာဆိုရင် ကင်မရာ angle ပြောင်းပေးခြင်း ၊ပစ္စည်းကိုရွှေ့ ပေးခြင်း ဖြင့် အလင်းသက်ရောက်မှုကွာပါမည်။
(၃)လှုပ်ရှားနေတာဆိုရင် shutterနဲ့ ပစ္စည်း ၂ခုလုံး အနှေး အမြန် ညှိပေး ရမည် ။
(၄)ကင်မရာframe အတွင်း ရှိ ပစ္စည်း နဲ့ direction တူရမည် ။

ဓာတ်ပုံ အယူအဆများ (ကိုကြီးသူမှတ်စု)

(၁) အလျားလိုက် ဆိုရင် ပုံ ရဲ့  လှုပ်ရှားသက်ဝင် မှုပိုကောင်း သည် ။(အလျား ရှည် လေ ပုံ ရဲ့  လှုပ်ရှားသက်ဝင် မှုပိုကောင်းလေဖြစ် သည် ။(ရုပ်ရှင် နဲ့  ဗွီဒီယို မတူ ပုံ မျိုး) )
(၂) ဒေါင်လိုက် ဆိုရင် ပုံ ရဲ့  နောက်ခံနဲ့  ပုံ ဆက်နွှယ်မှုပိုကောင်း သည် ။
(၃)လေးထောင့်ကျကျ ဆိုရင် ပါဝင်ပစ္စည်း အထားအသိုအစီအစဉ် ပရမ်း ပတာဖြစ်တတ်သည်။
(၄)ရှုခင်းပုံ ပါလာရင် အဓိကထားမည့်အရာပေါ်လွင်ဖို့ ဦးစားပေးရမည်။


ဓာတ်ပုံသား အယူအဆများ (ကိုကြီးသူမှတ်စု)
(၁)မျက်နှာဖွေးနေခြင်း = flash က နီးလွန်း နေခြင်းကြောင့်overexposure ဖြစ်လို့ 
(၂)အမည်းရိပ်ပေါ်ခြင်း = မှန်ဘီလူး ရှေ့  တွင် လက်ချောင်း ကွယ်မိခြင်း
(၃)မှူံဝါးခြင်း =အလင်းအားနည်းလွန်းခြင်း ၊ pixel နိမ့်ခြင်း
(၄)အလင်းရောင်စုံစက်ဝိုင်း ပေါ်ခြင်း =မှန်ဘီလူး ထဲ နေ ရောင် ၊လျှပ်စစ်မီး ရောင် တိုက်ရိုက်ဝင်ခြင်း

 
May You Meet
TrustWorthy Persons
in Your Life

KoGyiThu
ဒီ ဘလော့ မှာ Photo တွေ ကို Blogspot က နေ တင် ပြီး တဆင့်  သုံး တဲ့  အ တွက် မြန် မာ နိုင် ငံ မှ အင်တာနက် သုံး သူ များ အနေ ဖြင့် photo တွေ ကို မြင် ရ မှာ မ ဟုတ် ပါ ဘူး ။ကို ကြီး သူ က အမှတ် တ၇ တင် ထား တာ သက် သက် ဆို တော့  နောင် များ မှာ UnBlocking the Blog အချိန် လေး များ ရောက် ရင် တော့ံ ပြန် ကြည့် နိုင် မှာ ကို ကို ယ် တိုင် လဲ မျှော် လင့် နေ ရ ကြောင်း ပါ ခင် ဗျာ .။