Mobile Phone Battery အသုံးပြုနည်း

Mobile Phone Battery အသုံးပြုနည်း

( ၁) Ni-Mh ဘက္ကထရီ အမျိုးအစားဆိုလျှင်
- ပထမဆုံး အား သွင်း လျှင် ၁၂-၁၄ နာ ရီကြာအားသွင်းပါ ။
- ပထမဆုံး ၃ကြိမ်လောက် မှာ အား ကုန်သွား အောင်ထိ မသုံး ပဲ အားပြန် သွင်း ပါ ။
- နောင်အ ကြိမ်များ တွင် ဘက္ကထရီအားကုန်ပြီး ဖုန်းပိတ်သွား မှ ပြန် အားသွင်း ပါ။
(၂) Li-Lon and Li-polymerဆိုရင်တော့ ဘက္ကထရီ အား မ ကုန်သေး ခင် low battery ပြ က ထဲ က အား ပြန်သွင်း ပါ ။
(၃) Charging Plug ကို နံရံ က ပ လပ် မှာ အရင်သေ ချာအောင် တပ် ပြီး မှ ဖုန်းကိုယ်ထည် မှာ plug တပ် ပါ။
(၄) အား သွင်း လို့  အား ပြည့်လျှင် Plug တန်း ဖြုတ် ထား ပါ။ ဘက္ကထရီ ပူ ကာ လောင် တတ်၍ ဖြစ် သည်။
(၅) ဘက္ကထရီ ပေါ် ကို တက် လာ တဲ့ ချေး တွေ ကို သန့်  ရှင်း ရေး လုပ်ပေး လျှင် သက်တမ်းပို အသုံး ခံပါ သည်။
(၆) အကြိမ်ပေါင်း ၃၀၀ -၄၀၀ လောက်အား ပြန် သွင်းကာ သုံးနိုင် သည်။

Donating Dead Body -ကိုယ်ခန္ဓာလှုဒါန်းလိုလျှင

ကိုယ်ခန္ဓာလှုဒါန်းလိုလျှင်

ဆေးတက္ကသိုလ် မန္တလေး ခန္ဓာဗေဒဋ္ဌာနသို့  မိမိကိုယ်ခန္ဓာကို ဆေး ပညာသင်ကြားရေးအတွက် အကျိုး ပြုခြင်းအလို့  ငှာ ကိုယ်ခန္ဓာလှုဒါန်းလိုလျှင် အသိသက်သေ (၁) ယောက်နှင့် အတူ ၊ နေရပ်လိပ်စာအတိအကျပေး၍ ခန္ဓာဗေဒဋ္ဌာနမှုး ရှေ့မှောက်တွင်ကတိပြု လက်မှတ် ထိုး ထားနိုင် ပါ သည်။
လက်မှတ်ထိုး ထား လျှင် မည်သည့် ရက် တွင် မဆိုသေဆုံးကိုယ်ခန္ဓာကိုခန္ဓာဗေဒဋ္ဌာနမှ လက် ခံ ပါသည်။
အခြားသိသင့်သော အချက် များ မှာ
(၁) ခန္ဓာကိုယ် လှုဒါန်း သူ ကွယ်လွန်ပြီး ချက်ချင်း အကြောင်း ကြား သင့် သည်၊ ၊ ၂၄နာ ရီထက်ကျော်လျှင်ဆေးသွင်း ရန် ခက် ခဲ တတ် ၍ ဖြစ်သည်၊၊
(၂) ကွယ်လွန်ပြီး အ သုံး ပြု ၍ရသော ကိုယ်ခန္ဓာကိုသာ လှု ၍ ရ သည်။
( ပလိပ်ရော ဂါ ၊ ၀မ်းရောဂါ ၊ ကျောက်ရောဂါ ၊ နူနာရောဂါ ၊ စသည့် ကူးစက်တတ်သော ဝေဒနာများ ဖြင့် သေ ဆုံးသော ကိုယ်ခန္ဓာများ ကို မ လှုနိုင် ပါ။
ပုပ်သိုးသောခန္ဓာ၊ ဖောရောင်သည့်ကိုယ်ခန္ဓာ၊ ကျိုး ပြတ်ပေါက်ကွဲသော ဒဏ်ရာနှင့် ကွယ်လွန်သော ကိုယ်ခန္ဓာ တို့  ကို လည်း ဆေး စိမ် ၇န်မဖြစ်နိုင်၍ မလှု နိုင် ပါ ။)
(၃)အစိုးရ ရုံးပိတ်ရက်များ ၊ ကျောင်းပိတ်ရက်များ တွင် ကြိုတင်လှုထားသော ကိုယ်ခန္ဓာများ သာ လှု ဒါန်းနိုင်ပါ သည်။ကြိုတင်လှုထားခြင်းမဟုတ်သော ကိုယ်ခန္ဓာများကို ၄င်းရက်များ တွင် အ လှု မ ခံ ၍့ဖြစ်သည်။
(၄) မန္တလေး စည် ပင် သာ ယာ နယ် နိ မိတ် အ တွင်း တွင် သေ ဆုံး သော ကိုယ်ခန္ဓာများ ကို သာ လှု နိုင်ပါသေး သည်။
(၅) ကိုယ်ခန္ဓာနှင့်အ တူ သေ စာ ရင်းစာရွက်ပါ ပေး ပို့  ပေး ရ ပါ သည်။
(၆) ကိုယ်ခန္ဓာယူသော အ ခါ အ သုဘချသကဲ့သို့  ကားဖြင့် လိုက်ပို့ ခြင်း ၊ လူစုလူဝေးဖြင့် လိုက်ပို့  ခြင်း မပြု ရ ပါ။
သို့ သော် ကိုယ်ခန္ဓာအလှု ခံခြင်း ၊ သယ်ယူခြင်း ၊ ဆေးစိမ်ဆေးသွင်းခြင်း များ အဆင့် ဆင့် လုပ်ရသဖြင့် ကိစ္စချောမောအောင် ကူညီပေးသင့်ပါသည်။
(၇)ဆေးတက္ကသိုလ် မန္တလေးခန္ဓာဗေဒဋ္ဌာန သည် သေဆုံးပြီး ကိုယ်ခန္ဓာများ ကို လက် ခံ ခြင်း သာ ဖြစ် ပြီး ခန္ဓာကိုယ်လှုထား သူနာမကျန်းဖြစ်နေစဉ် ဆေးရုံတင်ပေးခြင်း ၊ ဆေး ကုသပေးခြင်း များ နှင့် မသက်ဆိုင်၍ တာဝန် ယူခိုင်းခြင်း မပြု နိုင်ပါ။။

သာဓု.....သာဓု.......သာဓု

Eye and Vitamin A,B

မျက်စိနှင့် ဗိုက်တာ မင် အေ ၊ ဘီ

ဗိုက်တာ မင် အေ လျော့ နည်းက ကြက်မျက်သင့်ခြင်း ၊မျက်ကြည်၊ မျက်မြှေး မျက် သား များ ခြေက် သွေ့  ခြင်း ၊မျက် ကြည် ပျော့ လာ ကာေ ပါက် သွား ပြီးမျက် စိ သိမ် သွားခြင်း ၊ ကြက်ဆူးထွက်ခြင်း နောက်ဆုံး မျက် စိ ကွယ်သွား ခြင်းများ ၊ မျက်ခွံ နှစ် ခု အ ကြား မျက် မြှေး ပေါ် တွင် ငွေရောင် အ ဖတ်ကလေးများ ပေါ် ခြင်း များ ဖြစ်တတ် သည်။
ဗိုက်တာ မင် ဘီ ဓာတ်လျော့နည်း ပါက အနီးကြည့် အဝေးကြည့် မှုန် ခြင်း ၊ မျက် စိ ကိုက် ခြင်း ၊ ပုံ မှန် ထက် မြင် အား ၆ ဆ လျော့နည်း ခြင်း ၊ မျက် စိ အတွင်း ပိုင်း အာ ရုံ လွှာ ပျက်စီး စေ ခြင်း ၊မျက် လုံး nerve ကြော ကြီး ပျက် စီးခြင်းများ ဖြစ် စေတတ် ပါသည်။

Eye Drop Side Effects -မျက်စဉ်းများ ၏ဘေး

မျက်စဉ်းများ ၏ဘေး

ကော်တီစုန်းပါ Cortisoneသော ဆေး များ သည် အနာ ကျက် မှု နှေး စေ သ ဖြင့် မျက်ကြည်နာ ၊မျက်စိေ၇ယုန် ရောဂါ ၊ virus ပိုး ဝင်သော ရော ဂါများ တွင် မ သုံးသင့် ပါ ။
မျက် ကြည် နာ နှင့် မျက် ကြည်ပါး သော ရောဂါ များ တွင် မျက်စိ ပေါက် သည် အထိဖြစ်တတ်သည်။
ကြာရှည်သုံး လျှင် မှို စွဲ ခြင်း ၊ အ တွင်း တိမ်ဖြစ် ခြင်း ၊ ရေ တိမ် ဖြစ်နိုင် ခြေ များ လာ ခြင်း တို့ ဖြစ်တတ် သည်။
မျက်စိ သူ ငယ် အိမ် ကျဉ်း စေ သော Pilocarpine သည် ကြာရှည် သုံး က အာရုံ လွှာကို ကွာစေ တတ်သည်။ အတွင်း တိမ် ကို ဖြစ် စေတတ် သည်။ မတည့် က ချွေးထွက်လွန် ခြင်း ၊ မူး ဝေ ခြင်း ၊ အော့ အန် ခြင်းများ ဖြစ် စေ တတ် သည်။
မျက်စိ သူငယ် အိမ် ကျယ် စေ သော Atropine ဆေးသည် ၁၁ရက် ၊ ၁၂ရက် အ လောက် ထိ ကျယ် နေ စေ တတ်သည်။
အမြင်ဝါး ခြင်း ၊ ပူ ခြင်း ၊မျက် နှာ နီမြန်း ခြင်း များ ဖြစ် စေ တတ် သည်။
ငွေ နှင့် ပြဒါးပါသော မျက်စဉ်း များ ကြာရှည်သုံးက မျက် မြှေးကို ခဲေ၇ာင်သင့်စေ တတ် သည်။
ငွေ Silver Nitrate ၅% ကျော် ပါသော မျက် စဉ်းဆေး၊ Cocine ပါသောမျက်စဉ်း ဆေး များ သည် မျက် ကြည် လွှာ ကို ပျက် စီး စေ တတ်သည်။

Eye DRop _ မျက်စဉ်း

မျက်စဉ်း
မျက်စဉ်းသည် တ ခါ ခပ် လျှင် တ စက်သာ ခတ် ဖို့  လို ပါ သည်။ တစက်ထက်ပို ခတ် လို့  မျက် စိပို မကြည်လာ နိုင် ပါ ၊၊ မျက် စိ နှင့် မ ဆံ့ သဖြင့်သာ လျှံ ကျ သွား ဖို့  ရာ သာ ရှိ ပါ မည်။အဓိ က မှာ မျက်ကြည်သားနှင့် မျက်စဉ်းဆေး ထိတွေ့  မှု ကျယ်ပြန့်  စေ ရေး သာ ဖြစ်သည်။
မျက်စဉ်းအမျိုး မျိုး ရှိ သည်။ ကော်မျက်စဉ်း ၊ အဆီမျက်စဉ်း ၊ အ ရည်မျက်စဉ်း စသဖြင့် ရှိကြသည်။အရောင် ကျ စေ သော မျက်စဉ်း ၊ ရောဂါ ပိုးသေစေ သော မျက်စဉ်း ၊ မျက် စိ သူငယ်အိမ် ကျယ် စေ သော မျက်စဉ်း ၊မျက် စိ သူငယ်အိမ် ကျဥ်း စေ သော မျက်စဉ်း၊ မျက်စိအတွင်း ရေ တိမ် ကျ စေ သော မျက်စဉ်း၊မျက်စိ အား သ ဘာ ဝ အတိုင်း စို စွတ် စေ သောမျက်စဉ်း စ သ ဖြင့် အ မျိုးမျိုး ရှိသည်။ဖြစ်သော ရော ဂါ နှင့် မ ကိုက် သော မျက်စဉ်း သုံးမိ က မှို စွဲ ခြင်း ၊ မျက်စိ၊ မျက်ခွံေ၇ာင်ခြင်း ၊ ရော ဂါ ရတိုးရ ပြီး မျက်စိ ကွယ် သည် အ ထိ ပင်ဖြစ် စေ နိုင် ပါသည်။
အရောင်ပြောင်းနေသော မျက်စဉ်း များ ကို မသုံး သင့် ပါ။
မျက်စဉ်းက သန်စင် ဖို့  လို သ လို၊ မျက် စဉ်း ဗူး ကို လည်း သန့်  ရှင်းနေ အောင် ထား ရ မည်။မျက်စဉ်း ဗူးအဝ ကို မျက်သား နှင့် ပင် မ ထိ စေ သင့် ပါ ။မျက် စိဆေး သော ခွက် ကလေး များ ကို လည်း သုံး ပြီး တိုင်း ဆေး ပေး သင့် သည်။
မျက်စဉ်း ကို မလိုအပ် ပဲ အ ခပ်သင့် ပါ ။ မျက် စိ ကို ထိခိုက် မိ ခြင်း ၊မျက် စိ အ တွင်း ပိုး ဝင်ခြင်း များ ဖြစ် စေ တတ် သည်။
ရော ဂါဖြစ်သဖြင့်သုံးရ သော မျက် စဉ်း တိုင်းတွင် ဘေး ထွက် ဆိုး ကျိုး ဖြစ်သေး ရာ မ လို ပဲခတ် က ပို လို့  ပင် ဆိုး စေ ပါ မည်။

TInt Lens -အရောင်ပါ မျက်မှန်

အရောင်ပါ မျက်မှန်
အရောင်ပါ မျက်မှန်တပ်ဆင်သင့်သူများမှာ-
(၁) နေပူထဲသွားလာရသူ
(၂) အတွင်းတိမ်ခွဲထားသူ
(၃) အပူရှိန်ပြင်းသော ပစ္စည်းများ နှင့် အလုပ်လုပ်ရသူ
(၄)မျက်စိရောဂါရှိသူ
(၅)မျက်စိနာနေသူ
စာကြည့်မျက်မှန်ကို အရောင်ပါ မျက်မှန်မသုံးသင့်ပါ။
Photo Gray ၊ Photo Sun မျက်မှန်များ က တော့ အလင်းရောင်များလျင်မှန်အရောင်မှောင်သွားပြီးအလင်းရောင်နည်းလျှင်မှန်အရောင်သည်ပိုမိုကြည်လင်လာအောင်လုပ်ထားသည်။

BIfocal Lens -ကအဝေးအနီးကြည့်မှန် သို့ မ ဟုတ် နှစ်ထပ်မျက်မှန်

ကအဝေးအနီးကြည့်မှန် သို့ မ ဟုတ် နှစ်ထပ်မျက်မှန် ( Bifocal Lens )
ဒီအဝေးအနီးကြည့်မှန် သို့ မ ဟုတ် နှစ်ထပ်မျက်မှန် တွင် မှန်အပေါ်ပိုင်းသည် အဝေးကြည့်အတွက်ဖြစ်ပြီး မှန်အောက်ပိုင်းသည်အနီးကြည့်အတွက်ဖြစ်သည်။
အားသာချက်မှာ အနီးအဝေးမျက်မှန်၂လက်ဆောင်ထားစရာ မလိုတော့ခြင်း၊
စရိတ်သက်သာခြင်း၊ အနီးရော အဝေး ပါ အလုပ်လုပ်ရသော ရုံးလုပ်ငန်း များ အတွက် သင့်တော်ခြင်း တို့ ဖြစ်သည်။
သို့ သော် လူအများ က အသက်ကြီးသော သဘောဆောင်သည် ဆို ကာ သိပ် မ တပ် ချင် ကြ ပေ။
တပ်ခါစတွင် အနီး အဝေး ပါဝါ မ တူ သ ဖြင့် အနီး မှ ဝေး သို့  ၊ အဝေး မှ အ နီး သို့  ရုတ် တ ရက်ပြောင်း ကြည့် က
မြင်ကွင်း တွင် နိမ့် လိုက် မြင့် လိုက်ဖြစ်တတ် သည်။ဆက်တိုက် ဆက်တပ် ကအကျင့်ရ ကာ ပျောက် သွား ပါ မည်။
အနီး ( စာကြည့်) ရ သော အ လုပ် ပို များ လျှင် အောက် ပိုင်း မှန် ကို ကြီး ကြီး လုပ် ခြင်း ၊
အဝေး ကြည့် ပို လုပ် ရ လျှင် ပေါ်ပိုင်း ကို ပို ကြီး ကြီး လုပ် ခြင်း များ ပြုလုပ် နိုင်သည်။
သို့ သော် မျက်စိ တဘက်နှင့် တဘက် အနိမ့် အ မြင့် မတူ ညီ သူ များ ဒီ နှစ်ထပ် မျက်မှန် ကို မတပ် ဆင် သင့် ပါ။

မျက် မှန်
မျက်စိ မှုန် ရင် မျက်မှန် တတ် သင့်ပါသည်။
တွေ့  က ရာ မျက် မှန် မ တတ် သင့် ပါ။
ကို ယ်နှင့် သင့် တော် ရာ ကို စစ် ဆေး ပြီး မှ တတ် ဆင် သင့် ပါ သည်။
ကိုင် အနေ အ ထား သည် မိ မိ ၏ မျက် နှာ ၊ မျက် လုံး များ နှင့် သင့် တော် ကိုက် ညီရ ပါ မည်။
organic မှန် များ သည် အ ပွန် အ ခြစ် ဒ ဏ် ခံ နိုင် ကြ သည်။
အပူ ချိန် အပြောင်း အလဲ မြန် သဖြင့် ရေ ငွေ့  ရိုက် ခြင်း သက် သာတတ် သည်။
မှန် အပြား သည် စာ ကြည် ရန် အ တွက် သာ ကောင်း ပြီး ဝေး ကြည့် ပါ က မျက် လုံး ပုံ စံ အ တိုင်း ရှိ သော လေးကိုင်း ပုံ ကွေး ကွေး ခွက် ခွက် လေး မှ သာ မျက် လုံး လှုပ် ရှား တိုင်း ကောင်း ကောင်း မြင် နိုင် ပါ မည်။
မှန် ထူ ပါက ဘေး ကြည့် မကောင်း သ ဖြင့် ခေါင်း ပါ လှည့် လှည့် နေ ရ တတ် သည်။မှန် ပါး လျှင် မူ ထို သို့  မ ဖြစ် တတ် ပါ။
က လေး များ အတွက် ဆို လျှင် မှန် ကြီး ကြီး တတ် ပေး သင့် ပါ သည်။ သို့  မှ သာ မှန် ပေါ် က ကျော် ကြည့် ခြင်း ၊ မှန် ဘေး က ကြည့် ခြင်း များ မဖြစ် နိုင် တော့  ပေ ။
ပါ ၀ါ များ သူ များ ၊ အတွင်းတိမ် ခွဲ ပြီး သူ များ တွင် မျက် မှန် အ လယ် တ ခု တည်း မှ သာ ကောင်း ကောင်း မြင် ရ လေ့ ရှိသော် လည်း ဇွဲ မ လျော့  ပဲ တတ် ဆင် သင့် ပါ သည်။ဝ

Blurr Eyes

လူ ကြီး များ တွင် အနီး မှုန် ဖြစ် လေ့ ၇ှိ ကြ သည်။
ကလေး ၊ လူငယ်များ တွင် အဝေး မှုန် ဖြစ် တတ် သည်။

အ လွယ် မှတ် ချင် ရင် ---ကြီး = နီး ၊ လေး = ဝေး ဟု မှန် နိုင် သည်။

Eye careမျက်စိ

မျက်စိ ကို လို သည် ထက်ပို သုံးလျှင် ၊ မျက်စိ ခံ နိုင် ရည် နည်း ပါး လာ လျှင် မျက် စိ ကိုက် ခြင်း ၊ မျက် ရိုး ကိုက် ခြင်း ၊ ခေါင်း ကိုက် ခြင်း ၊ မျက် စိ မှုန်ခြင်း ၊ မျက် စိ ညောင်းကိုက် ခြင်း များ ဖြစ် လာ တတ် သည်။

အနီး ကြည့် မှုန် သူသည် မျက် မှ န် မပါ ဘဲ အနီး ကြည့်  ပါ များ လျှင် မျက် လုံး အလုပ် ပို လုပ် ရ သဖြင့် မျက် စိ ကိုက် တတ် သလို ၊ အဝေး ကြည့် မှုန် ပါက မျက် မှန် မပါ ဘဲ မြင် ရ သော် လည့်းမျက် စိ ကြွက်သား များ အနီး သို့ ဆွဲ ကာ ကြည့် ပါ များ လာ လျှင်မျက် စိ ကိုက် တတ် သည် ။

မျက် စိ တဘက် နှင့် တဘက် အမြင် အား မ တူ လျှင် မျက် လုံး ကြွက်သား များ အနေ အထား ပုံစံ မမှန် ဖြစ် ကာ ဝေ ဒနာ ပို ခံ စား ရ တတ် သည်။
အာရုံကြောအား နည်း သူ ၊ ပူပန်မှုများ သူ များ တွင် ပို ခံစားရ တတ် သည် ။
နာလန်ထစ အချိန်များ နှင့် နာမကျန်း ချိန်များ တွင် မျက် စိ မှုန် မှု ပို ဆိုး တတ် သည်။

အနီး ကြည့် မှုန်လျှင် စာကြည့် နေ စဉ် မျက် လုံးများ ပြာ ဝေ ခြင်း ၊ စာ လုံး များ ရော ကာ ဝါး သွား ပြီး စာကြောင်း များ ထပ်သွား တတ် သည်။မျက် ခွံ များ လေး လာ ပြီး အိပ် ငိုက် လာ တတ် သည်။

မျက် စိ မှိတ် ပေး ခြင်း ၊ မျက် နှာ သစ် ခြင်း များ ဖြင့် အနား ပေး ရ မည်။ မဟုတ် ပါ က မျက် စိ အောင့် ခြင်း နာ ကျင် ခြင်း ၊ ထို မှ ပို ဆိုး ကာ မျက် ရိုး ကိုက် ခြင်း ၊ ခေါင်း ကိုက် ၊ ဇက် ထိုး ခြင်း များ ဖြစ် လာ တတ် သည်။နောက် ဆုံး အာ ရုံကြောလိုက် ကာ နောက် ကြော ကိုက် ခြင်း ၊ လက် များ ကိုက် ခြင်း များ အ ထိ ဖြစ် တတ် သည်။

မျက် စိ ညောင်း ပြေ ရန် လက် နှင့် ပွတ် ပါက လည်း ပိုး ဝင် ပြီး မျက် စိ နာေ၇ာ ဂါ ဖြစ် တတ် သေး သည်။

မျက် စိ မှုန် ပြီ ဆို ပါ က အလုပ်နား ချိန် ညနေ ပိုင်း တွင် ပို ခံစား ရ တတ် သည်။
ခေါင်း မူး ခြင်း ၊ ပျို့  အန် ခြင်း များ ဖြစ် တတ် သေး သည်။
က လေး တွေ က မျက် စိ စုံ မှိတ် ခြင်းကို ခဏ ခဏ လုပ် လုပ် နေ တတ် သည်။

မျက် မှန် လို လို့  မှုန် တာ ဆို ရင် မျက် မှန် တတ် ပေး က ပျောက် နိုင် သော် လည်း ရော ဂါ ကြောင် မှုန် တာ ဆို လျှင် တော့ ထိုေ၇ာ ဂါရှိနေသ မျှ မျက် မှန် တတ်သော် လည်း အ ပြည့် အဝ ကောင်း မည် မ ဟုတ် ပါ ။

After Blood Donating-2

ရောဂါ ရှိနိုင်တယ် လို့  သံ သ ယ ဖြစ် နိုင် တဲ့  သွေး တွေ ရ ရင် သွေး လှု ဘဏ် ကနေအကြောင်း ကြား ပေး ပါ တယ် ။
အဲ ဒီ အ ခါ သွေး လှု ဘဏ် ကို လာ ရောက် ဖို့  လို ပါ တယ်။

အဲ ဒိ သွေး ကို အတည် ပြု ဆေး စစ် ချက် တွေ ပြု လုပ် ပြီး လို့  သွေး က တ ဆင့် ကူး စက် တတ် တဲ့ ရော ဂါ တွေ့  ရင် လည်း လျို့  ဝှက်ပေး ထား ပြီး ကာယကံ ရှင် တစ် ယောက် ကို သာ နှစ် သိမ့်  ဆွေး နွေး ပ ညာ ပေး ပြီး မှ အသိပေး ပါ တယ်။
အိမ်ထောင်စုဝင်တွေ ကို တော့ အမှန် တကယ် လိုအပ် မှ သာ အသိပေး ပါ တယ်။

သွေး က တ ဆင့် ကူး စက် တတ် တဲ့ ရော ဂါ တွေ့  ရင် အဲ ဒိ သွေး ကို ဖျက် ဆီး ပြစ် ပါ တယ် ။

Free Blog Template

After trying many website and blog, I have seen this site to change and update my blog template .
Name is FinalSense .
This site is my latest choice .
I am trying one of them on another my testing blog .
I am not ready to post on my main blog.
But as it is most eazy way from that blogs code changes.
And I want to share it on my blog and I post it this post.
Thanks for reading.

After Blood Donating - သွေးလှု ပြီး လျှင်

သွေးလှု ပြီး လျှင်

( ၁) ချက် ချင်း မ ထရ ၊ ( ၁၅ ) မိ နစ် ခန့်  လဲလျောင်း နား နေ ပါ ။
(၂) ၂၄ နာ ရီ အ တွင်း အသက်အန္တရယ်နီး သော ၊ပင်ပန်း သော ၊ကိုယ်ခန္တာ ထိ ခိုက် ဒဏ်ရာ ရစေ နိုင် လောက် သော
အလုပ် များ မ လုပ် သင့် ပါ
(၃) သံ ဓာတ် ပါ သော ဆေး များ ၊ အစား အ စာ များ စား ပေး ပါ
( ၄) အိပ်ရေး ၀၀ အိပ် ပါ
( ၅ ) ၂ ပတ် အ တွင်း သွေး အား ပြန် လည် ပြည့် ၀ လာ မည်ဖြစ် သော် လည်း
အနည်း ဆုံး လေး လ ခြား ပြီး မှ သာ သွေး ထပ် လှု သင့် ပါသည် ။
( ၆ ) သတ် မှတ် ကြိမ် ရေ ပြည့် လျှင် လူမှု ထူးချွန် လျှေက်ထား နိုင် သည်။
(၇) သွေး လှု ရှင် များ အတွက် သီး သန် အ ခွင့် အရေး များ တွင် ပါဝင် နိုင်သည်။
( ဥပမာ - မန္တ လေး တွင်သွေးလှူ ရှင် များ အ တွက် တိုင်း မှုး အ စီ အမံ ဖြင့် GSM ဖုန်း ချ ပေး ခြင်း)

Should Not Donating Blood Persons-သွေးမလှု သင့် သူများ

သွေးမလှု သင့် သူများ

( ၁ ) မကြာခဏ မူး တတ် သူ
( ၂) သွေးအားနည်းေ၇ာဂါ ၊ သွေး မတိတ် ရော ဂါ ရှိ သူ
( ၃) ကင်ဆာရော ဂါ တ မျိုးမျိုး ရှိသူ
(၄) အသည်းရောင် အသား ၀ါဖြစ် ဘူးသူ
( ၅) ငှက်ဖျား ဖြစ် ဘူး သူ ( ၃ နှစ် အ တွင်း )
( ၆) သွေးသွင်း ကု သ ဘူး သူ (၁ နှစ် အ တွင်း )
(၇ ) HIV ပိုး ၊ B ပိုး၊ C ပိုး တွေ့  ထား သူ
( ၈) ကာကွယ်ဆေး ထိုး ထား သူ ( ရက် ၂၀ အ တွင်း )
( ၉) ဆီးချိုရောဂါ ရှိ သူ
( ၁၀) ၇င်ကြပ်ပန်းနာ ရှိ သူ
( ၁၁) တက်တတ်သူ
( ၁၂) သွေးအန်၊ သွေး ၀မ်း သွား ၊ ဆီးထဲသွေး ပါ၊ သွား ဖုံး သွေး ယို၊ ချောင်း ဆိုး သွေး ပါ ၊ ကိုယ်ဝန်ပျက်ဘူးသူ
(၁၃) ဓမ္မတာလာနေသူ
(၁၄ ) ကိုယ်ဝန်ဆောင်နေသူ
(၁၅) ကလေးနို့  တိုက်နေသူ
(၁၆ ) သွေးတိုး ရော ဂါ ရှိ သူ
( ၁၇) နှလုံး ရော ဂါ ရှိ သူ
(၁၈) အသေး စား ခွဲ စိတ် ခံ ဘူး သူ ( ၆ လ အတွင်း )
( ၁၉) အကြီး စား ခွဲ စိတ် ခံဘူး သူ( ၁ နှစ် အတွင်း )
(၂၀) လတ်တလော ဖျား နာနေသူ

Blood Donating -သွေးလှုနိုင်သူ

သွေးလှုနိုင်သူ
(၁)အသက်၁၈ နှစ် မှ ၅၅နှစ်အတွင်းရှိသူကျားမမရွေး

(၂) ကိုယ်အလေးချိန် ကျား ( ပေါင် ၁၀၀ ) ၊ မ ( ပေါင် ၉၀) အနည်းဆုံး ရှိ ရ မည် ။

( ၃ ) သွေးအနီဓာတ် ( Hb%) ကျား ( ၁၂ ဂရမ်) ၊ မ ( ၁၁ ဂ ရမ်) အနည်း ဆုံး ရှိ ရမည် .။

( ၄) သွေးပေါင်ချိန် သည် ကျား ( ၁၁၀ / ၇၀ ) ၊ မ( ၁၀၀/ ၆၀ ) mmHg ရှိ ရ မည် ။

( ၅) သွေး မှတဆင့် ကူး စက်နိုင် သော ရော ဂါ မရှိ ရ ပါ ။

(၆) တ ကြိမ် တခါ အသား ၀ါ ဘူး သူ များ ပင် သွေး မ လှု သင့် ပါ ။

(၇)သွေး လှု သည့် တကြိမ် နှင့် တကြိမ် ကြား အနည်း ဆုံးလေး လ ခြား ရမည်။

( ၈)သွေးလှု ချိန် တွင် အိပ်ရေး ၀ နေ ရ မည် ။

(၉) သွေးလှု ချိန် တွင် အစာ ၀၀ စား ထား ရမည်။

မွန် မွန် သို့  -To Mon Mon


မွန် မွန်သွေး ၁၅ ကြိမ် လှုခဲ့  တာ ကို သာ ဓု အ ရ င် ခေါ် ပါ ရ စေ။
အဲ ဒီတုန်း က ပိုး မ တွေ့  ခဲ့  ပဲ ခု မှ တွေ့  တယ် ဆို တာ အ ကြောင်း အ မျိုး မျိုး ကြောင့် ဖြစ် နိုင် ပါ တယ်။
နောက် ဆုံး သွေး မစစ် ခင် လေး မှာ ပိုး ကာ ကွယ် ဆေး ထိုး မိ သ လား ၊။ (?)
နောက် ဆုံး သွေး လှု ပြီး နောက် ပိုင်း မှာ ပိုး ၀င် နိုင် တဲ့  အ ခြေအနေ တွေနဲ့  ကြုံ ခဲ့  သလား ( ? )
အား လုံး ကိုယ့်  ဘက် က သေ ချာ နေ ရင် နောက် ထပ် သွေ စစ် ကြည့်  ပါ ၊၊ ( ?)
B ပိုး ရအ တွက် ဒါ လေး တွေ ဖတ် ကြည့်  ပါ အုံး ( ? )

Photo From Mandalay SalTawLay- REmix


Photo From Mandalay SalTawLay-4

Photo From Mandalay SalTawLay-3

Photo From Mandalay SalTawLay -2



Photo From Mandalay SalTawLay



Lady

ပိန်သောသူများသည်ဝသောသူများထက် အသက်ပိုရှည်ကြသည်။
ဂရိဆေးပညာရှင်ကြီး ဟစ်ပိုကရေးတီး ( ဘီစီ ၄၆၀ - ၃၇၇)

Drugs beyound Insulin - Insulin မဟုတ်သောသွေး ချို ထိန်း ဆေး များ

Insulin မဟုတ်သောသွေး ချို ထိန်း ဆေး များ

(၁) Sulphonyluria အမျိုးအစားသောက်ဆေး
Tolbutamide ,Chlorpromide , Glibenclamide , Glipizide , Gliclamide စသည် ဖြင့် ပါ ၀င် သည်။
ဘေးထွက်ဆိုး ကျိုး များ မှာ သွေး တွင်း သကြားဓာတ် အလွန်ကျဆင်း ခြင်း ၊ အသားဝါခြင်း ၊ မျက်နှာနီမြန်းခြင်း ၊ အရက်ဖြတ် လျှင် ဖြစ်တတ်သော လက္ခဏာများ ခံစား ရ ခြင်း ၊ ၀တတ်ခြင်း စသည်ဖြင့်ဖြစ်သည် ။

(၂) Biguanide အမျိုးအစားသောက်ဆေး

Merformin , Phenformin စသည် ဖြင့် ရှိ သော် လည်း ဘေး ထွက်ဆိုး ကျိုး နည်း သော Metformin သာ သုံးသင့် ပါ သည်၊၊

ဖြစ်တတ်သော ဘေးထွက်ဆိုး ကျိုး များ မှာလက်တစ်အက်ဆစ်ဓာတ်များခြင်း ၊ ဗိုက်နာလေထိုး ခြင်း ၊ ၀မ်း ပျော့ ပျော့သွား ခြင်း တို့ ဖြစ် သည်။
ကောင်း ကျိုး မှာ လူ ကို မ၀စေ တတ် ပါ ၊၊

(၃)Alpha Glucosidase inhabitor အမျိုးအစားသောက်ဆေး
အစာ ခြေ အင်ဇိုင်း ဓာတ် တားမြစ်ဆေး ဖြစ် ပါ သည် ။
အစာ စား ပြီး သွေး တွင်း သကြားဓာတ်ချက်ချင်း မတက် စေ သော ဆေး ဖြစ် ပါသည် ။

(၄) New Drugs
( က) Ripaglinide အမျိုးအစားသောက်ဆေး
သွေးတွင်း အစာ ရှိ မှ အာ နိ သင် ပြ ပါသည်။
အစာစား ပြီး ချက် ချင်း သောက် ချက် ချင်း အစွမ်း ပြ သည်။
တခါစား တခါသောက် ဖို့  သာ လို သည် ။
အစာမစား လျှင်မသောက် ရ ပါ ။
( ခ ) Pioglidazone အမျိုးအစားသောက်ဆေး
insulin resistance ရှိ လျှင်သုံး သင့် သော ဆေး ဖြစ် သည် ။
( ဂ ) Insulin analogue အမျိုးအစား ထိုး ဆေး
အစာ စားခါနီး မှ ကိုယ်စား မယ့်  ပမာ ဏ နဲ့  မှန်း ထိုး ရ ပါ သည် ၊။
အစာစား ခါ နီး မှ ကပ် ထိုး ရသော ဆေး ဖြစ် ပါ သည် ။

Insulin Types

soluble insulin - အရောင် ကြည်
-အရေ ပြား အောက် ၊ အသား ထဲ ၊ အကြော ထဲ ထိုး နိုင် သည်
- နာ ရီ ၀က် အတွင်း အာ နိ သင် ရ သည်
- ၆ နာ ရီ အ ထိ အာ နိ သင် ခံ သည်
- တ နေ ၄ ကြိမ် ထိုး ရ သည်
- ထ မင်း မစား ခင် နာ ရီ ၀က် ကြို ပြီး ဆေး ထိုး ရ သည်
သို့  မှ သာ ဆေး အာနိ သင် ပြ ချိန် နှင့်  ထမင်း စား ပြီး သွေး တွင်း သကြား တက် ချိန် ကိုက် ပါမည် ၊၊

Long acting insulin - အရောင် နောက် သည်
-အရေ ပြား အောက် သာ ထိုး နိုင် သည် ၊ အသား ထဲ အကြောထဲ မထိုး နိုင် ပါ ၊
-၂ နာ ရီ ကြာ မှ အာ နိ သင် စ ရ သည်
-၂၄ နာ ရီ မှ ၃၆ နာ ရီ အ ထိ အာ နိ သင် တာ ရှည် သည် ၊
- အ စာ စား ပြီး ပြီး ချင်း တက် သော သွေး ချို ကို မ ထိန်း နိုင် ပါ

Premixed insulin - အကြည် (၃၀ %) နှင့်  အ နောက်( ၇၀%) ရော ထား သည်
- နာ ရီ ၀က် အ တွင်း အာ နိ သင် ပြ နိုင် သည်
-၁၂ နာ ရီ အ ထိ အာ နိ သင် ရှိသည်

Insulin Usage -insulin သုံး စွဲ ပုံ

insulin သုံး စွဲ ပုံ

ပေါင် ၊ ဗိုက် ၊ လက် မောင်း တို့  သို့  ထိုး နိုင် သည် ။
အပ် က အရေပြား အောက် မှာ ပဲ ရှိ ရ မယ် ၊ အ ကြော ထဲ အသား ထဲ သို့  မ၀င် စေ ရ ပါ။
အသား ထဲ ဆေး ရောက် သွား ရင် အရမ်း နာ မယ် ၊ ဆေး စုပ် ယူ မှုမြန် ပြီး ဆေး အာ နိ သင် မြန် မြန် ကုန် သွား ပါ မည်။
လက် ညှိုး လက် မ ဖြင့် အရေ ပြား ကှိုဆွဲ မ ကိုင် ပြီး ဆေး ထိုး အပ် ကို (၉၀) ဒီ ဂရီ မတ် မတ် ထိုး ပါ ။
ထမင်း စား ခါ နီး မှ ကပ် မထိုး ရ ပါ ။
ထမင်း စား ခါ နီး မှ ကပ် ထိုး ရ သော ဆေးရှိ သော်လည်း မြန် မာ နိုင် ငံ တွင် မရှိ သေး ပါ ၊၊
တနေရာ ထဲ မထိုး ရ ပါ ၊နေ ရာ မ နှ့ံ ထိုး ရ မည် ၊ တနေ ရာ ထဲ ထိုး ရင် အသား ချိုင့်  တာ ၊အဆီ ပြင် ဖောင်း တာ ဖြစ် တတ် သည် ၊။
လက်မောင်း ထိုး လျှင် လက် မောင်း အပြင်သား ကိုထိုး ပါ ။
ပေါင်ထိုး လျှင် ပေါင်ရှေ့  အပြင် ခြမ်း ကို ထိုး ပါ
ဗိုက်ထိုးလျှင် ချက် မှ ( ၂ ) လက် မ အပြင် ဘက် တွင် ထိုး ပါ ။
ဗိုက် ကိုထိုး ခြင်း သည် အသင့်  တော် ဆုံး ဖြစ် သည် ။
ဆေးထိုးပြီး နာ ရီ ၀က် တွင် အစာ စား ကို စား ရ ပါမည် ။ မစား လျှင်သွေး ချို အကျလွန်ပြီး က တုန် ကရင်ဖြစ် ကာ သတိလစ် တတ် သည် ။စား ကောင်း ကောင်းနှင့် မစား လွန် လျှင် လည်း ၀ လာ တတ် သည် ။ချင့်ချိန် စား ရ ပါမည် ။
ဆီး ချို အပ် သည် တခါ သုံး အပ်ဖြစ် ပါ သည် ၊ တခါ သာ သုံး သင့် ပါ သည်၊၊ မရှိ လို့ ထပ် သုံး ချင် လျှင် ရေ နွေး နှင့် ပြုတ် ကာ မနာအောင် အပ်အသစ်သုံး ပါ ၊။
အနည်း ဆုံး တနေ့  တခါ လောက်တော့  သွေး တွင်း သကြားဓာတ် စစ် ဆေး ပေး ပါ ၊။
ကိုယ်တိုင် သွေး ချို တိုင်း စက်ဝယ် မည် ဆို က ကိုယ်နေ တဲ့  နေ ရာ တွင် test strip ပေါ သော စက် ကို သာ ၀ယ် ပါ ။
သွေး တွင်း သကြားဓာတ်နေ့ စဉ် မှတ် တမ်း ထား ပါ ၊၊
သွေး တွင်း သကြားဓာတ်ကို ( ၁၀၀ မီလီဂ ရမ် နှင့် ၁၄၀မီလီ ဂရမ် ကြား ) အမြဲထိန်းထား ပါ ။

Insulin Storage-Insulin ထားသိုခြင်း

Insulin ထားသိုခြင်း


ရေ ခဲသေတ္တာ ထဲ ထားနိုင် သည်
freezer ထဲ မ ထား ရ ပါ
တစ် လ အတွင်း ကုန်လောက် မည် ဆို က ရေ ခဲသေတ္တာ မ ရှိ လျှင် နေ ရောင် မထိ အောင် ထား ရင် လဲ ပါ သည်

DM foods Note 2 -သွေးချိုသမား အတွက် အစား အစာ မှတ် စု

သွေးချိုသမား အတွက် အစား အစာ မှတ် စု

ဆီးချိုသမား တစ်ယောက်သည် တနေ့ လျှင်ကစီဓာတ် ( ၅၀ - ၅၅% ) အဆီဓာတ် ( ၃၀ -၃၅ % ) အသား ဓာတ် ( ၁၀ - ၁၅ %) နေ့  စဉ် စား သင့် ရာ မြန်မာ့နေ့  စဉ် အစား အစာ နှင့် ကိုက် ညီ ပါ သည် ။
ချို သော အစား အစာ များ လုံး ၀ မစား သင့် ပါ ၊၊
ပန်းသီး ၊ လိမ္မော်သီး ၊ ငှက်ပျောသီး ၊ စပျစ်သီး ၊ သဘော်သီး ၊ ဖရဲသီး ၊ ပိန္နဲ သီး ၊ ဂရိတ်ဖရု သီး များ မစား သင့် ပါ ၊၊
သရက်သီး အနည်း ငယ် မျှ က ပင် သွေးတွင်း သကြားဓာတ် တတ်စေ တတ် ပါ သည်။
ပြည့် ဝဆီ ( အေး ရင် ခဲတတ်သော ဆီ များ အား လုံး) များ ရှောင် ပါ ၊၊
အရက်သောက်ရင် သွေးတွင်း သကြားဓာတ် မမှန်တတ် လို့  အရက်လည်း ရှောင်သင့် ပါသည် ။
သွေးတွင်း သကြားဓာတ် ကျ ဆေး Biguanide နှင့်  အရက် လည်း မတည့် ပါ ။
သွေးတွင်း သကြားဓာတ် ကျဆေး သောက် ပြီးရင် ကစီဓာတ်ပါသော အစား အစာ တင်း တိမ် ရုံစား ပေး ပါ ။ မစား ပဲ မနေ ရပါ၊။မစား ရင် သွေးတွင်း သကြားဓာတ် အရမ်း ကျ သွား နိုင် ပါ သည်။
ဆား ကိုပုံ မှန် ဟင်း ထဲ တွင် ထည့် ထား သော အတိုင်း အတာ မျှလောက် သာ စား ပါ၊ ။ထပ်ဆောင်း ထည့်အစား ရ ပါ ၊။
Diet coffee စသည် များ သည် ၀သော သူအ တွက် လုပ် ထား ချင်း သာ ဖြစ် ပြီး သွေချို သမား များ အ တွက် လုပ်ထား ချင်း မ ဟုတ် ပါ ။ မသောက်သင့်  ပါ ၊၊သွေးချို သမား အတွက်လုပ် ထားသော DM foods ဆို သည် များ ပင် လျှင် အချို မ ပါ သော် လည်း က စီ ဓာတ် ပါ သော ကြောင့်  အလွန် အကျွန်စား က သွေး ချို ကို ဆိုး စေ တတ် ပါ သည် ၊၊
ဆီးချို ဆန် ဆို သည် မှာ ဘာမာစတီ ဆန် ကို နာ မည် တတ် ထား ခြင်း သာ ဖြစ် ပြီး ဆီးချို သွေး ချို သမား များ အ တွက် မ သင့် လျော် ပါ၊၊

DM foodsဆီးချိုရောဂါ ရှိသူများအတွက် အစားအစာ

ဆီးချိုရောဂါ ရှိသူများအတွက် အစားအစာ


အုပ်စု (၁) လုံး ဝ ရှောင်ရမည့်အစားအစာ များ



သကြား နှင့်  သကြား ပါ ဝင် သော အစား အ စာ မှန် သမျှ ပါဝင် ပါ သည်။



( သကြား ၊ ဂလူး ကို့  ၊ ကြံသကာ ၊ ထန်း လျက် ၊ ယို အမျိုး မျိုး ၊ ချို ချဉ် ၊ ချော က လက် ၊ ရေ ခဲ မုန့်  ၊ မလိုင် မုန့်  ၊


အချို ရည် အအေး ဖျော် ရည်များ၊ စည်သွတ်အစား အစာ မျိုးစုံ၊ လမုန့်  ၊ထိုး မုန့် )


အုပ်စု (၂) အသင့် အတင့်  သာ စား သင့် သော အစား အစာ များ



ကစီဓာတ် ပါ သော အစား အစာ များ ဖြစ် ပါ ဝင် သည် ။


(က) ဆန် ဖြင့် ပြုလုပ် သော အစား အစာ များ

ထမင်း ၊ဆန် ပြုပ် ၊ မုန့်  တီ ၊ မုန့်  ဟင်း ခါး ၊ မုန့်  တီ ၊ ဆန် ခေါက် ဆွဲ ၊ ကောက် ညှင်း ပါ အစား အစား များ

( ခ) ဂျုံ ဖြင့် ပြု လုပ် သော အစား အစာ များ

ပေါင် မုန် ၊့ ဘီစကစ် ၊ ခေါက် ဆွ၊ဲ အီ ကြာ ကွေး ၊ ထပ် တရာ ၊ ပ လာ တာ ၊ ကျ ပါ တီ ၊ ပု တီ ၊နံပြား

(ဂ ) ကြက် ဥ နှစ် ၊ဘဲဥ နှစ် ၊ ငုံး ဥ နှစ်

(ဃ ) ကစီ ဓာတ် များ သော အသီး နှင့်  ဥ များ

အာ လူး ၊ရွှေဖရုံသီး ၊ ပဲ အမျိုး မျိုး ၊ ပိန်း ဥ ၊ ခါ ကြက် ဥ ၊ စိမ်း စား ဥ ၊

နာနတ် သီး ၊ လိမ္မော်သီး ၊သရက်သီး ၊ ငှက် ပျောသီး ၊ မာလကာသီး ၊ ဒူးရင်း သီး ၊သြဇာသီး


အုပ်စု(၃) ကန့် သတ် ရန် မလို သော အစား အစာ များ

(က) စိမ်း စို သော ဟင်း သီး ဟင်းရွက် များ

ဗူး ရွက် ၊ ကန် စွန်း ရွက် ၊ မန် ကျည်း ရွက် ၊ ချဉ် ပေါင် ရွက် ၊ ဆူး ပုတ် ရွက် ၊ မြင်း ခွာ ရွက် ၊ ဂေါ် ဖီ ထုပ် ၊

ဂေါ်ဖီပွင့်  ၊

ပန်း မုံ လာ ၊ ကိုက် လန် ရွက် ၊ မုန် ညင်း ရွက်


( ခ) မ ချို သော အသီး အရွက် များ

ခရမ်း ချဉ် သီး ၊ သံ ပရာ သီး ၊ ရှောက် သီး ၊ ဆီး ဖြူ သီး၊ မျှစ် ၊ ဗူး သီး ၊ ဂေါ် ရ ခါး သီး ၊ ခရမ်း သီး ၊ကင်း ပုံ
သီး ၊

ခဝဲသီး ၊ ရုံး ပတီသီး ၊ ဂွေးချိုသီး ၊ သလဲသီး


(ဂ) သားငါးဥအကာ များ

ကြက် ၊ ဘဲ ၊ ဆိတ် ၊ ဝက် ၊ အမဲ ၊ ငါး ၊ ပုဇွန် ၊ ကြက်ဥအကာ ၊ ငုံး ဥ အကာ

( ဃ ) ကော် ဖီ လဘက်ရည်

သကြား ၊ နို့  ဆီ ၊ နို့  မှုန့်  လုံး ဝ မသုံး ရ ၊၊

နို့  အသင့်  အတင့်  သုံး နိုင် သည် ။

ဆက် ခရင် နှင့်  အချို တု များ သုံး နိုင် သည် ။






Blood Donating is like Organ Donatingသွေး လှု ခြင်း

သွေး လှု ခြင်း

သွေး သည် အ ရည် ပင် ဖြစ် သော် လည်း သွေး လှု ခြင်း သည် ကိုယ် အဂ်ါ အစိတ် အပိုင် လှု ခြင်း တ မျိုး ဟုခေါ်နိုင် ပါ သည်။
လူ တယောက် တွင် သွေး ပမာ ဏ ( ၅ .၅ ) လီတာ ခန့်  ရှိ ပါ သည် ။
သွေး တ ခါ လှု လျှင် ထို သွေး ပမာ ဏ ( ၅ .၅ ) လီတာ အထဲ က မှ
အ စွန် ထွက် ပ မာ ဏ ဖြစ် သော ( ၀. ၅) လီ တာ မျှ ပင် မ ရှိ သော ( ၀.၄ ) လီ တာ မျှ သာ လှု ရ ခြင်း ဖြစ် ပါ သည် ။
မ ပြော ပ လောက် သော ပ မာ ဏ မျှ သာဖြစ် ပါ သည်။
သွေး လှု လျင် သွေး စစ် ဆေး ပေး ခြင်း ၊ ကျန် မာ ရေး စစ် ဆေး ပေး ခြင်း များ ပြု လုပ် ပေး ရာ သွေး လှု ခွင့်  ရ ခြင်း သည် ကျန် မာ ရေး ကောင်းသူ ဖြစ် ကြောင်း ပြ ရာ လဲေ၇ာက် ပါ သည် ။
သွေး မှတဆင့်  ကူး စက် နိုင် သော ရော ဂါ ရှိ သူ များ (B ပိုး ၊ C ပိုး ၊ ငှက်ဖျားပိုး ၊ HIVပိုး စသည့်  ရောဂါ ရှိ သူ များ )၊ ကျန်မာရေး ဒေါင် ဒေါင် မည် မ ဖြစ် သူ များ
သွေး လှု ခွင့် မ ၇ှိ ပါ ။
သွေး လှူ သော လူ တ ယောက် တွင် ကျောက် ကပ် ထဲ မှErythropoietin ဓာတ် ပို ထွက် စေ ခြင်း သည် လဲ ကောင်း သော အ ရာ
တ ခု ဖြစ် ပါ သည်။
မွန် မြတ် သော ၊ သာ ဓု ခေါ် ထိုက် သော အ လှု တ ခု ပြု ခြင်း လည်း ဖြစ် ပါ သည် ။


If Smoke ဆေးလိပ် သောက် ရင်....

ဆေးလိပ် သောက် ရင်....
ဆေး လိပ် ထဲ မှာ Nicotine ပါ တယ် ။
Nicotine က သုံး စွဲ သူ ကို - စိတ် ကြည် နူး စေတယ် ။
နိုး ကြား တက်ကြွစေတယ်။
လုပ် ရည် ကိုင် ရည် ပို ကောင်း စေ တယ် ။
စိတ် ဖိ စီး မှု ရော့ ပါး စေ တယ် ။
ဆာလောင် မှု လျော့ ပါး စေ တယ် ။
ကိုယ်အလေးချိန်ကျ စေ တယ် ။
အဆီဓာတ်ကိုမြှင့်ပေး တယ်။
နှလုံး ခုန် မြန်စေ တယ် ။
နှလုံး နှင့် အရေပြား သွေး ကြော ကျဉ်း စေ တယ် ၊၊
သွေးတိုး စေ တယ် ။
ကြွက်သား များ ပြေလျော့စေ တယ် ။

ဆေးလိပ်စွဲနေသူဆေး လိပ်မသောက် ရ ရင် - ဂ နာ မငြိမ် ဖြစ်တယ်။
စိတ်မတည်မ ငြိမ် ဖြစ်တယ်။
အာရုံမစူး စိုက် နိုင် ဖြစ် ရတယ် ။
စိတ်သော က တိုး စေ တယ်။
ဆာလောင် စိတ် များ စေ တယ်။
ကိုယ်အလေး ချိန် တိုး တယ်။
အိပ်မပျော် လွယ် တတ် ပါ ။
နှလုံး ခုန် နှေး စေ တယ် ။
ဆေး လိပ် မ သောက် ရ မ နေ နိုင် ဖြစ် လာ တယ် ။။

Alcohol Headacheညအရက်သောက်ပြီး အိပ်ရာထခေါင်း ကိုက်လျှင်

ညအရက်သောက်ပြီး အိပ်ရာထခေါင်း ကိုက်လျှင်

( ၁) အိပ် ရာ ထထ ချင်း ရေ များ များ သောက် ပါ ။ ( ဆား နှင့်  သ ကြား ပါ လျှင် ပို ကောင်း သည်။ )
( ၂) ပျား ရည် နှင့်  ခရမ်း ချဉ် သီး ရေ ရော သောက် ပါ ။ ( Frutose ပါ သည် )
( ၃) ကော် ဖီ ခါး ခါး သကြား ထည့်သောက် ပါ ။
(၄) လိမ္မော်ရည် သို့  မဟုတ် နာ နတ် ရည် တ ဖန် ခွက် ၀၀ သောက် ပါ ။
(၅) နောက် ထပ် အ ရက် ထပ် မ သောက် ရပါ ။
( ၆) အစာ မေ ကြလွယ် သော အစား အ သောက် များ မစား သင့်  ပါ ။ ကြက်သား ၊ သား ငါး စွပ် ပြုတ် များ စား နိုင် သည် ။


 
May You Meet
TrustWorthy Persons
in Your Life

KoGyiThu
ဒီ ဘလော့ မှာ Photo တွေ ကို Blogspot က နေ တင် ပြီး တဆင့်  သုံး တဲ့  အ တွက် မြန် မာ နိုင် ငံ မှ အင်တာနက် သုံး သူ များ အနေ ဖြင့် photo တွေ ကို မြင် ရ မှာ မ ဟုတ် ပါ ဘူး ။ကို ကြီး သူ က အမှတ် တ၇ တင် ထား တာ သက် သက် ဆို တော့  နောင် များ မှာ UnBlocking the Blog အချိန် လေး များ ရောက် ရင် တော့ံ ပြန် ကြည့် နိုင် မှာ ကို ကို ယ် တိုင် လဲ မျှော် လင့် နေ ရ ကြောင်း ပါ ခင် ဗျာ .။