Disposable Syringe Dangerအခါခါသုံးတဲ့တခါသုံးအပ်


အခါခါသုံးတဲ့ တခါသုံးအပ်

တခါသုံးဆေးထိုး အပ်အထုပ်သစ် ကို ဖောက်လိုက်ရာ သွေး ပေနေတဲ့ အပ် ကို လဲ မြင်ရော လူနာ ကလန့်  သွား ပါ တယ်။
တခါသုံး အပ် အသစ်က ဆေးထိုး ပြီးသား တခုလို ဘာ့ကြောင့် သွေးပါရ တာလဲပေါ. ။

သူနာပြုဆရာမ က တော့ အပ်အ သစ် ၀ယ်ဖို့  အေးအေးဆေးဆေး ပဲ ပြော ပါ တယ် ။
ဒါ ဟာ ပထမဆုံး အ တွေ့  အ ကြုံ မ ဟုတ် တော့ လို့  ပါ ။
ခဏခဏ ကြုံနေ ရတာ
ို့ပါ ၊၊

Mandalay မှာ အသုံး များ တဲ့  တခါသုံးဆေးထိုး အပ် တံ ဆိပ် ၂မျိုး လုံး မှာ အ ခု လိုမျိုး ကြုံဖူး ကြတယ်။
အခါခါသုံးတဲ့တခါသုံးအပ် ဖြစ်နေ တာ မသိမိပဲ သုံးမိတာ အရေအတွက် ဘယ်လောက်ရှိနေပြီ မသိတော့ ပါဘူး ။
လွှင်ပစ် လိုက် ပြီး အသစ် ၀ယ်သုံး ဖို့ ပဲ လူနာတွေက လုပ်နေ ကြရပါတယ် ။

ဆေးရုံတွေ ရဲ့  စွန့်  ပစ်မှု ဟာ plastic အ လုံးလေးတွေ မှတဆင့် ဆေးထိုးအပ်အသစ် ဆေးထိုးပိုက်အသစ် ဖြစ်မသွားပဲ ၊
စွန့်  ပစ်အပ် နဲ့  ပိုက်တွေ ဟာ ရေ မိုး ချိုး သန့် စင်ခန်းဝင် ၊ အိတ်အသစ်လေး စွပ်ကာ ဆေးထိုးအပ်အသစ် ဆေးထိုးပိုက်အသစ်
တန်းဖြစ်လာပုံ ရ ပါတယ် ။

ဒါမျိုးမဖြစ်ဖို့  နိုင်ငံခြား မှ တခါ သုံး အပ် တွေ လို သုံးပြီးသား ဆေးထိုးအပ်တွေ ကို ခေါင်းချိုးပစ်နိုင် ရ င် ကောင်း မယ် လို့ 
နိုင်ငံတကာ အတွေ့  အ ကြုံ ရှိ တဲ့ ဆရာဝန်ကြီးတဦး က ဆိုပါတယ် ။
အဲဒါဆိုရင်တော့ စွန့်  ပစ်အပ် နဲ့  ပိုက်တွေ ဟာ plastic အ လုံးလေးတွေ ပဲ ဖြစ် လာမယ် ၊ တန်း ပြီး တော့ ဆေးထိုးအပ်အသစ် ဆေးထိုးပိုက်အသစ်
ဲဖြစ်မလာနိုင် တော့ဘူး လို့  ဆိုပါတယ် ။ဒီမှာ အသုံးများတဲ့  တခါသုံးဆေးထိုး အပ် တံ ဆိပ် ၂မျိုး လုံးမှာ အလွယ်တကူ ခေါင်းချိုးနိုင်မယ့်
design မရှိသေး ပါ ဘူး ။

အဲဒိ design မရှိသေးသ ၍ ၊ ခေါင်းမချိုးနိုင်သေးသ ၍ plastic bag ဖွင့် ပြီးတိုင်း သစ်ရဲ့ လား ....အဲ အဲ ...သန်
့ရဲ့  လား ဆိုတာ ကြည့် ကြည့် နေ ရ ဦးမှာ ပါပဲ ။



Comments :

0 Comments to “Disposable Syringe Dangerအခါခါသုံးတဲ့တခါသုံးအပ်”

Post a Comment

 
May You Meet
TrustWorthy Persons
in Your Life

KoGyiThu
ဒီ ဘလော့ မှာ Photo တွေ ကို Blogspot က နေ တင် ပြီး တဆင့်  သုံး တဲ့  အ တွက် မြန် မာ နိုင် ငံ မှ အင်တာနက် သုံး သူ များ အနေ ဖြင့် photo တွေ ကို မြင် ရ မှာ မ ဟုတ် ပါ ဘူး ။ကို ကြီး သူ က အမှတ် တ၇ တင် ထား တာ သက် သက် ဆို တော့  နောင် များ မှာ UnBlocking the Blog အချိန် လေး များ ရောက် ရင် တော့ံ ပြန် ကြည့် နိုင် မှာ ကို ကို ယ် တိုင် လဲ မျှော် လင့် နေ ရ ကြောင်း ပါ ခင် ဗျာ .။