Showing posts with label Contraception. Show all posts
Showing posts with label Contraception. Show all posts
သားဆက် ခြားနည်းတွေ က များ တယ် ဆို တော့  ....ဘာ ကိုရွေး မ လဲ
သားဆက် ခြားနည်းတွေ က များ တယ် ဆို တော့  ....ဘာ ကိုရွေး မ လဲ
၁.. အသည်း ဝေဒနာ ရှင်များ.. ရင် သား ကင်ဆာဝေဒနာ ရှင် များ  .သည် ...တား ဆေး ထိုး ဆေး များ ရှောင် သင့် ပြီး ... IUCD  သုံး သင့်  ပါ သည် ။
၂..သားအိမ် ကင်ဆာ ...မျိုး ဥအိမ် ကင်  ဆာ ဝေဒနာ ရှင် များ သည် ...IUCD ရှောင် ပြီး ..တားဆေး ထိုး ဆေးသုံး သင့် ပ် သည် ။။
၃..သွေး ခဲ  ဝေ ဒနာ ရှင် များ သည် ..သား ကြော မဖြတ် သင့် ပါ .. estrogen  ပါ သော ဆေး ကိုပြှီင်္း . progestrogen  ပါ သော ဆေး ကို သုး ပါ ။
၎..သွေး တိုး ဝေဒနာ ရှင် များ သည် ...သားကြော ဖြတ် ခြငှ်း... estrogen တို့  ကို ရှောင် ပြီး ... IUCD Progestrogen Norplant  တို ကို သုံး နိုင် ပါ သည်..။
် ၅..ဆီး ချို သက်  ၂၀ နှူစ်  ကျော် လာ သူ များ သည် ..estrogen  ကို ရှောင် ရပါ မည် ။။။
၆..တက် တတ် သူ များ .ခေါင်း ကိုက် တတ် သူ များ သည် .တားဆေး ထိုး ဆေး များ ရှောင် ပြီး ...IUCD  သုံး သင် ပါ သည် ။။
အရေးပေါ်သားဆက် ခြားနည်းများ
အရေးပေါ်သားဆက် ခြားနည်းများ
အရေးပေါ်သားဆက် ခြားနည်းများ တွင် သောက် ဆေး ကို အတူနေပြီး ( ၇၂ ) နာရီ အတွင်းအသုံး ပြု နိုင် ပါ သည် ။။
တခါ သောက် ရင် ၂ လုံး တစ် တွဲ  သောက် ရပါ သည်  ။။ ထို ဆေး များ လွယ် တကူ  မ ရ ပါ က ရိုး ရိုး လက်ညိုး ထိုး တား ဆေး ကဒ်
မှအညို ရောင်ဆေး လုံး များ ကို ၄ လုံး ၄ လုံး စီ ၁၂ နာရီ  ခြား ပြီး သောက် ရင် လဲ  ရ ပါ သည် ။။
ထိုဆေး များ သောက် ပြီး ၂ နာ ရီ အတွင်း ဆေး များ အန် ပါ  က ချက် ချင်း ဆေး ထပ် သောက် ဖို့ လို အပ် ပါ သည် ။။
အရေးပေါ်သားဆက် ခြားနည်းမှပစ္စည်း ထည့်  နည်း တွင်အတူ နေ ပြီး ( ၅ )ရက် အတွင်း ထည့်  နိုင် ပါ သည်။
ပစ္စ ည်း ထည့် ပြီး မှ မတော် တဆ ကိုယ် ၀န် ရ သွား ပါ က သိ သိ ချင်း ပြန် ထုတ် ပစ်ရ ပါ မည် ။။။။။
အကာအကွယ်နည်း ဖြင့်သားဆက်ခြားနည်း - (၄) - သုတ်ပိုးသေဆေး သုံး ခြင်း
အကာအကွယ်နည်း ဖြင့်သားဆက်ခြားနည်း - ၎
သုတ်ပိုးသေဆေး သုံး ခြင်း
ဤနည်းတွင် သုတ်ပိုးသေဆေးကို မိန်းမကို အတွင်း သို့  သုတ်လိမ်း ကာထည့်ရသည်။ မဆက်ဆံမီ ( ၁၀ ) မိနစ် အလို တွင် ကြိုထည့်ရသည်။ ထို့ နောက် ဆက်ဆံအပြီး ( ၆ ) နာရီ ကျော် အကြာ တွင် မိန် မ ကိုယ် ကို ရေ ဆေး ချ လိုက် ရ သည်။
သတိပြု ရန် မှာ ဆေး အာနိသင် သည် (၁ ) နာရီ ပဲ သက်တမ်း ရှိ သဖြင့် ၄င်း အချိန် အတွင်း တွင် သာ ဆက်ဆံရန် ဖြစ် သည်။ဆေးရည်ထည့်ပြီးနောက် မတ်တပ် မရပ်မိ ဖို့  လည်း သတိ ထားရ မည်။
သားအိမ်ဝဖုံးပစ္စည်း သုံး စဉ် ၆ နာရီ မှ ၂၄ နာရီ အတွင်း မဖြုတ်ပဲ ထပ်မံဆက်ဆံလိုကာ စိတ် မချ ရ လျှင် ဤ သုတ်ပိုး သေ ဆေး ကို တွဲ သုံး နိုင် ပါ သည်။ဤ နှစ်မျိုး ပေါင်း သုံး ၍ သားဆက်ခြားလျှင် ပို ထိ ရောက် ပါ သည်။
အကာအကွယ်နည်း - (၃) -သားအိမ်ဝအဖုံးသုံးနည်း
အကာအကွယ်နည်း - ၃
သားအိမ်ဝအဖုံးသုံးနည်း
ဤနည်း တွင် သားအိမ်ဝဖုံး ပစ္စည်း ကို မိ မိ နှင့် သင့်တော် ရာ ပစ္စည်း အရွယ် အစား ကို မွေးလမ်းကြောင်း အကျယ် နှင့် ချိန် ကိုက် ကာ ပ ထ မ ဆုံး ရွေး ချယ်ရသည်။ထို့ နောက် သားအိမ်ဝဖုံး ပစ္စည်းကို ဂျယ်လီသုတ် ကာ ခေါက် ၍ ဖိညှစ်ပြီး မွေးလမ်းကြောင်းထဲ ထည့်ပါ ။ထည့်သွား ရင်း ဖြင့် နှာခေါင်း ထိပ် ကို စမ်း မိ သလို ခံစားရမှ ရပ် ပါ ။ထိုသို့ အခြေအနေ တွင် သာ သားအိမ်ဝကို သေချာအုပ် မိ၍ စိတ်ချရသည်။
ဆက်ဆံပြီး က ( ၆ နာရီ မှ ၂၄ နာရီအတွင်း ) ဖြုတ်ပစ်ရပါသည်။ ဖြုတ်နည်းမှာ လွယ် ကူ ပါ သည်။ မိ မိလက် ညှိုး ဖြင့် ကလော် ၍ ဖြုတ် လိုက်ရုံ ပင် ဖြစ် သည်။ထို့ နောက် ၄င်း ကို ရေဆေး ကာ ပြန် သုံး နိုင် ပါ သည်။
ထို့ ကြောင့်ငွေကြေး အကုန် အကျ နည်းစေ သော နည်း ဖြစ်သော် လည်း ရာဘာ နှင့် မတည့်သူများ ၊ သားအိမ်ကျသားအိမ်လန်နေသူ များ မသုံးသင့်ပါ။
၆ နာရီ မှ ၂၄ နာရီ အချိန်အတွင်း မထုတ်ပဲ ထပ် မံဆက်ဆံ လို က သုတ်ပိုးသေဆေး တမျိုး မျိုး ကို ပိုက် ဖြင့် ထည့်ပေး ဖို့  လို အပ် ပါသည်။ကလေးမွေး ပြီးစ ၊ ကလေး ပျက်ပြီး စ တွင် ဤ နည်း ကို မသုံး သင့် ပါ။ ၁၂ ပတ်ကျော် လွန် မှ သာ အသုံးပြု သင့် သည်။
ဟော်မုန်းပါသော သားအိမ်အတွင်းထည့်ပစ္စည်း သုံး၍ သားဆက်ခြားခြင်း-Hormonal IUCD
ဟော်မုန်းပါသော သားအိမ်အတွင်းထည့်ပစ္စည်း သုံး၍ သားဆက်ခြားခြင်း
ဤပစ္စည်း သည် ဟော်မုန်းမပါသော သားအိမ်အတွင်းထည့်ပစ္စည်း နှင့် ဖွဲ့ စည်း ပုံ တူသော် လည်း သူ့ တွင် ( Progesterone ) ဟော်မုန်း ပါဝင် ကာ ( ၆ ) နှစ် ကြာ ခံ ပါသည်။ ဟော်မုန်းမပါသော သားအိမ်အတွင်းထည့်ပစ္စည်း
လို ပင်အားသာချက် ၊အားနည်း ချက် များ တူ သော် လည်း ရာသီနည်းနည်း ပဲ လာ ခြင်း ၊ သားအိမ် ကိုယ်ထည်ကင်ဆာ မဖြစ်ခြင်းတွင် ပို၍ အားသာပါသည်။သားကြောဖြတ်တာထက်ပင်ပိုစိတ်ချ ရ သည်ဟု ဆို သည်။
ဟော်မုန်းမ ပါသော သားအိမ်အတွင်းထည့်ပစ္စည်း ထက် အ ရွယ်ပိုကြီး ကာ ဈေးလည်း ပို ကြီး ပါ သည်။
သားအိမ်တွင်းထည့်ပစ္စည်းသုံး၍ သားဆက်ခြားနည်း- IUCD Contraception Method
သားအိမ်တွင်းထည့်ပစ္စည်းသုံး၍ သားဆက်ခြားနည်း
အသုံးများ သော ပစ္စည်း နှစ်မျိုးမှာ - Copper T -380 A
- Multiloaded Cu 375 တို့ ဖြစ်သည်။
ပထမ ပစ္စည်း က ( ၁၀ ) နှစ် ခံ ၍ ဒုတိယ ပစ္စည်း က ( ၇ ) နှစ်ခံ သည်။
၎င်း သည် ကွေးဆန့် နိုင်သော ( T ) ပုံ စံ ပစ္စည်း ဖြစ်ကာ ကြေးမျှင် ဖြင့် ပတ်ထား သည်။ရည်ရွယ်ချက် မှာကိုယ်ဝန်ရစေသောဖြစ်စဉ်တွင် မမျိုဥ နှင့် သုတ်ကောင် မတွေ့ စေ ရန် နှင့် သားအိမ်နံ ရံ တွင် လာ မတွယ် ကပ်နိုင်စေရန် ဖြစ် သည်။
ဤနည်းသည် ကျွမ်းကျင် သော ဆရာဝန် ၊ သားဖွား ဆရာ မ များ ၊ အထူး သင် ကြား ထား သူ များ သာ တတ် ဆင် ထည့်သွင်း ပေး နိုင်သော် လည်း အမျိုးသမီး ၏ သတိ မ ကောင်း လည်း သုံး နိုင် ခြင်း ၊ ဆက်ဆံမှုကို အနှောက် အ ယှက် မဖြစ် စေ ခြင်း ၊ ဈေးနှုန်း သင့် တော် ခြင်း ၊ နို့ တိုက် မိ ခင်များ သုံး နိုင် ခြင်း ၊ ဟော်မုန်း ဆိုး ကျိုး ကြောက် သူများလည်း ဟော်မုန်း မ ပါ ၍သုံးရန်သင့်တော်ခြင်း ၊ ၉၈ % အ ထိ ကိုယ် ၀န်မရအောင် ကာ ကွယ်နိုင် ခြင်းနှင့် သွေးဆုံး ခါနီး အမျိုးသမီး များ သား ကြော ဖြတ် ခြင်း အ စား သုံး နိုင် ခြင်း တို့  ကြောင့် တဖြည်း ဖြည်း လူကြိုက် များ လာ သော နည်း ဖြစ်ပါ သည်။
ကလေးမွေး ပြီး ( ၄၈ နာရီ နှင့် ၄ ပတ် အ ကြား ) က လွဲ ရင် ၊ ကိုယ်ဝန်မရှိနေရင် ဘယ်အချိန်မဆိုထည့်နိုင် သည်။ဆက်ဆံအပြီး ၅ ရက် အတွင်း လဲ ထည့်နိုင်သော ကြောင်. အရေးပေါ်တားဆေး တစ် မျိုး လည်း ဖြစ်ပါသည်။
သားအိမ်တွင်းထည့်ပစ္စည်း ထည့်သွင်း ပြီး ၃- ၄ လ အ ကြာလောက် ထိ ဆီးစပ်ကိုက်ခဲခြင်း ၊ ရာသီသွေးဆင်းတာ များ ခြင်း တို့  တော့ဖြစ်စေ တတ် သည်။၃- ၄ လကျော် လျှင် ကောင်း သွား ပါမည်။ အပြင်သို့ ထွက်ကျခြင်း ၊ အတွင်းသို့ ဖောက်ဝင်ခြင်း ၊ ပိုးဝင်ခြင်း ၊ သားဥ ပြွန်ယောင်ခြင်း တို့  ရှား ရှားပါးပါး ဖြစ် တတ် သည်။
သားအိမ်တွင်းထည့်ပစ္စည်း ထည့်ပြီးလျှင် တစ် လ တစ် ခါ ရာသီလာပြီး တိုင်း စောင့်ကြောင့်ထိုင်ကာ သားအိမ်ခေါင်းအ၀ က နေ မိန်းမကိုယ်အပေါက် ထဲ ကျနေ တဲ့ ကြိုးလေး ကို စမ် ကြည့် ပေး ဖို့  လို အပ် ပါ သည်။ ၄င်း ကြိုး မ စမ်း မိ ရင် ၊ ရာသီ ထိန် ရင် ၊ ဗိုက်အောက်ပိုင် နာ ၇င် ဆေးရုံသို့  ပြ သ ရန် လို အပ် သည်။
ရိုးရိုးကလေးမွေးဖူးသူ ၊ ကလေး နို့ တိုက်နေ သူ ၊ မိသားစု ပြည့်စုံ ပြီးသော် လည်း သားကြောမဖြတ်လိုသူ၊ အရေးပေါ်သားဆက်ခြားချင်သူ များ သုံး နိုင် ပါသည်။
သားအိမ်တွင်းထည့်ပစ္စည်းမသုံး သင့်သူများ မှာ - ကိုယ်ဝန်ရှိသည် ဟု သံသယ ရှိသူ ၊ ကလေးမမွေးဖူးသူ ( သားအိမ်ဝ ကျဉ်း နေ သေး ၍ )၊ဆက်ဆံဖော်များသူ ၊ လိင်မှတဆင့်ကူးစက်တတ်သောရောဂါရှိသူ ၊ ရာသီသွေးအဆင်းများလွန်းသူ၊ သွေးအားနည်းနေသူ၊ သားအိမ်ပုံ မမှန် သူ ၊ သားအိမ်အလုံးရှိ သူ ၊ နှလုံးရောဂါရှိသူ ၊ ကြေးနီ နှင့် မတည့်သူ ၊ သားဥပြွန်ရောင်ဖူးသူ ၊ သားဥပြွန် သားန္ဓေတည်ဖူးသူ ၊ စပျစ်သားန္ဓေတည်ပြီးစသူ ၊ ခုခံအားကျေ၇ာဂါရှိသူ တို့  ဖြစ်သည်။
အမျိုး သား အ ကာ အ ကွယ် (ကွန် ဒုံး သုံး ခြင်း နည်း ) - Barrier Contraception Method (1)- Using Male Condom
အ ကာ အ ကွယ် နည်းဖြင့် သားဆက်ခြားခြင်း - ၁
အမျိုး သား အ ကာ အ ကွယ် (ကွန် ဒုံး သုံး ခြင်း နည်း )
ဤ နည်း တွင် အမျိုး သား သည် ကွန် ဒုံး ကို မိ မိ တို့  ၏ အင်္ဂါ နှစ်ခု မ ထိတွေ့ ခင် တတ် ဆင် ရသည်။ အကောင် ဆုံး မှာ အ မျိုးသား၏ အင်္ဂါ မာကျော ထောင် မတ် လာ ချိန် တွင် မှ တတ် ဆင် ခြင်းဖြစ် သည်.။
အသုံးပြုနည်းမှာ - ပထမဆုံး ကွန် ဒုံး ၏ ထိပ်ချွန်ကို လက် ညှိုး လက် မ နှစ် ချောင်း ဖြင့် ညှစ် ပြီးကွန် ဒုံးအတွင်း မှ လေ ထုတ် ပါ ။ ပြီး လျှင် ကွန် ဒုံး၏ နှစ် ခမ်း လုံး ကို အ ပြင် တွင် ထား ပြီး မိ မိ ၏ အဂ င်္ါ အ ဖျားမှာ စွပ် ပါ။ထို့  နောက် နှခမ်း လုံး ကို အင်္ဂါ အ ရင်း ထိ ရောက် အောင် ဆွဲချ ပါ ။
သတိ ပြု ရန် မှာ ကွန် ဒုံးတွင် ချောဆီ ပါပြီး သားဖြစ် ၍ မည် သည့် အဆီ မှ ထပ် သုံး ရန် မ လို ခြင်း ဖြစ် သည် ။ အုန်ဆီ၊ခေါင်း လိမ်း ဆီ ၊ ဟင်း ချက် ဆီ စသည် ဖြင့် ပြင် ပ အ ဆီ များ ထပ် သုံး ပါ က ကွန် ဒုံး ပေါက် ပြဲ ပင် ပေါက် ပြဲသွားတတ် သည်။
ကွန် ဒုံး ပြန် ထုတ် သင့်  ချိန် မှာ အမျိုး သားသုတ် လွှတ် ပြီး ပြီး ချင်း အ င်္ဂါ မာ နေ ဆဲ မှာဖြစ် သည်။ အင်္ဂါ အ ရင်း ကွန်ဒုံး၏ နှ ခမ်း လုံးမှ ကိုင် ကာ စွပ် လျက် သား ဖြင့်  မိန်း မ ကိုယ် ထဲ မှ ထုတ်ယူ ပါ။
ဤနည်း သည် ၉၈ % ကိုယ်ဝန်မ ရှိ ဖို့  သေ ချာ သည်။
မိန်မ ကိုယ် အ တွင်း သို့  သုတ် ရည် မ ၀င် သည့် ပြင် ၊ အသားခြင်း မ ထိ သ ဖြင့်  လိင်ဆက်ဆံခြင်း မှ ကူး စက်တတ်သော ရော ဂါ များမ ၀င် ရန် မှ နှစ် ဦး စလုံး ကို ကာ ကွယ် ပြီးဖြစ်စေသည်။
ထို့ ပြင် အမျိုးသမီး တွင် သားအိမ်ခေါင်း ကင် ဆာဖြစ် ခြင်း ကို လည်း ကာ ကွယ် ပေး သေး သည်။
အမျိုးသား၏ သုတ်ထွက် ချိန် ကိုလည်း နှေး စေသည်။
သို့ သော် မိမိတို့ တိုက်ရိုက်ထိတွေ့ ခွင့် မရှိ သဖြင့် ဆန္ဒမပြည့်ဝ ဟုခံစားရတတ်သည်။အသုံးမတတ် သဖြင့် ကျွတ်ထွက်ခြင်း ၊ ပေါက် ပြဲခြင်း ဖြစ် တတ် သည်။ ဓါတ်မတည့်ခြင်းလည်း ဖြစ်တတ်သေးသည်။
သတိပြုရန် မှာ ကွန်ဒုံး ကို အပူ ၊ အ လင်း နှင့်  စိုထိုင်း ဆ များသော နေ ရာများ မှာ မထား ဖို့ ရန်၊ ကွန်ဒုံး တစ်ခုကို တစ်ကြိမ်သာ သုံးရန် နှင့် သတ်မှတ်ရက်မလွန် သော ကွန်ဒုံး ကိုသာ အ သုံး ပြု ရန် ဖြစ်သည်။
အ သုံးမ ပြုမီ မိမိ၏ အဖော် ကို ကွန်ဒုံးသုံး ဖို့ ကြိုတင် တိုင် ပင် ထား ဖို့ လည်း လိုပါသည်။ မိ မိ အား အထင် လွဲခြင်း ၊ အထူးအဆန်း အ ဖြစ် ကြောက်လန့် ကာငြင်းဆန်ခြင်း မဖြစ် ပေါ် စေရန် ဖြစ်သည်။
ဓာတ်မတည့်သူမှ အပ လူ တိုင်းအသုံးပြုနိုင် ပါသည်။၎င်း ကို အခြား သားဆက်ခြား နည်း များ ဖြင့် စိတ် မ ချ ရသောအ ခြေအနေတွင် လည်း တွဲ ဖက် အ သုံးပြုနိုင် ပါသည်၊။
ကလေး နို့ တိုက် ခြင်း နည်း -Natural Contraception Method (3)
သဘာဝ သား ဆက် ခြား နည်း - ၃
ကလေး နို့ တိုက် ခြင်း နည်း
ဤ နည်း တွင် မိ ခင် မှ က လေး ကို မိမိ၏ နို့  တိုက် ကျွေး ကာ က လေး အ သက် ( ၆ ) လ အ ထိ သဘာဝ နည်း ဖြင့် သား ဆက် ခြား စေ ခြင်း ဖြစ် သည်။အတော် စိတ်ချရသော နည်း ဖြစ် သော် လည်း ၄ င်း အ ချိန် တွင် မိ ခင် ၌ ရာသီ စလာ ပြီဆို လျှင် ဆက် အ သုံးပြု သင့် ပါ။
ဤနည်းသည် ငွေ မ ကုန်စေသလို ဆန္ဒ ပြည့် ၀ မှု ကို လည်း မထိ ခိုက် စေပါ။ မိ ခင် ကို လည်း ဟော် မုန် လည် ပတ် မှု မှန် ကန်စေ သ ဖြင့် လည်း အ ကျိုး ရှိ စေ ပါ သည်။ ရင် သား ကင် ဆာ ဖြစ်မှု ကို လည်းကာကွယ် စေ ပါ သည်။
သို့  သော် အား နည်း ချက် မှာ ကလေး မွေး ပြီး စ( ၆ ) လ အ တွင်း သာ အ သုံး ပြု နိုင်ခြင်း ဖြစ်သည်။ မိ ခင် အနေ ဖြင့် လည်း က လေး ကို မိ မိ ၏နို့  တ မျို တည်း သာ တို က် ရ ပါ သည်။
သုတ်ရည်ပြင်ပစွန့် ထုတ်နည်း -
သဘာဝ သားဆက်ခြားနည်း - ၂
သုတ်ရည်ပြင်ပစွန့် ထုတ်နည်း
ဤနည်းတွင် အမျိုးသား က ဆန္ဒပြည့်ဝခါနီးတွင် မိမိ၏ အင်္ဂါ ကို အမျိုးသမီး ၏ မိန်းမကိုယ်အတွင်း မှ ထုတ်ကာ သုတ်ရည်ကို ပြင်ပ တွင် ထွက်စေ အောင် ပြုလုပ် ရ သည်။
ငွေ ကုန်ကျေးကျ မ ရှိသလို လွယ်ကူမှု လည်း ရှိ ပါ သည်။
သို့  သော် ဆန္ဒ မပြီး မီ တွင်ထွက်တတ်သော ရှေး ဦး ရည် ကြည်တွင် သုတ်ကောင် များ တ ခါ တရံ ပါ သွားတတ် ၍ ကိုယ်ဝန်မရဖို့ စိတ်မချ ရ ပါ ။
ထို့  ပြင် အမျိုး သမီး ၏ ဆန္ဒ မပြည့် ၀ခြင်းကို လည်း ဖြစ် တတ် သေး သည် ။၎င်း က အိမ်ထောင်ရေး မ သာယာ ခြင်း ကို ဖြစ် စေတတ် သည် ကို သ တိ ပြုသင့် သည်။
အမျိုး သား အနေ ဖြင့်  လည်း မိ မိ ၏ သုတ် ထွက် ချိန် ကို ခန့်  မှန်း နိုင် ဖို့ လည်း လို ပါ သေး သည် ။
ဤနည်း ကို ကိုယ် ၀န် မ ယူသင့် သူ များ ၊ မတော် တဆ ကိုယ်ဝန် ရ မှာ စိုး ရိမ် ရ သူ များ ၊ အိမ်ထောင်ရေး အ ဆင် မ ပြေ သူ များ မ သုံးသင့် ပါ ။
Date Contraception -ရက်ရှောင်နည်းဖြင့် သားဆက်ခြားခြင်း
ရက်ရှောင်နည်းဖြင့် သားဆက်ခြားခြင်း
ဤရက်ရှောင်၍ သားဆက်ခြားနည်းကို ရာသီရက် ပုံမှန်လာသူများ နှင့် မတော်တဆ ကိုယ်ဝန်ရမှာ မ ကြောက်သူများ သာ သုံး သင့် ပါ သည်။ဤနည်းသုံးလိုလျှင် မသုံးခင် (၆) လ လောက် ကြို၍ ရာသီလာရက် ကို မှန် မှန် မှတ်ထားသင့်ပါသည်။
တွက်ချက်ပုံမှာ -(၁) ရာသီ တ ခါ နှင့် တခါ ရက်ဘယ်လောက် ကွာသလဲ မှတ်ပါ
၎င်းတို့ မှ အ တိုဆုံးရက် မှ ( ၁၈ ) နှုတ်ပါ ၊ အရှည်ဆုံးမှ (၁၁) နှုတ်ပါ
ရလာသောရက်များ အကြား ဆက်ဆံမှု ကို ရှောင်ပါ။
ဥပမာ - ( ၂၅ - ၁၈ = ၇ ) ( ၃၂ - ၁၁ = ၂၁ ) ထိုအခါ ရာသီစလာသောရက်မှ (၇ ) ရက်မြောက်ရက်မှနေ ( ၂၁ ) ရက် အ ကြား ရှောင်ပါ။
(၂) ရာသီမလာခင် ( ၇) ရက်မှ ရာသီလာပြီး ( ၇) ရက်အထိ ရှောင်ပါ ။
(၃) ရာသီစလာသောရက်မှ စ ကာ နံနက်တိုင်း ကိုယ်အပူ ချိန် တိုင်း ပါ။
အပူချိန် ( > ၀. ၂ C (သို့ ) > ၀.၄ F )စတက်သောနေ့  နောက် ( ၃ ) ရက် ရောက်ပြီး လျှင် အ တူနေ နိုင် သည်။
(၄) သားအိမ်ခေါင်း က ချွဲ ရည် အပျစ် အ ကျဲ ကို ပုံ မှန် စမ် ကြည့်နေ ရင် စိုရွှဲနေရာ မှာ ချောက်သွေ့  နေ လျှင် အတူနေ ပါ။
(၅)နံနက်စောစော ပေါက်သော ဆီး ကို ဆီးစစ် ချောင်း ( Urine test stick ) နဲ့  တိုင်း ပါ ။
( ၁ ) ချောင်းပေါ် က အ တူ နေ နိုင် သည်။
( ၂ ) ချောင်းပေါ်က အ တူ မ နေသင့် ပါ။
ဤရက်ရှောင်၍ သားဆက်ခြားနည်း ကို ရာသီမမှန်သူ ၊ အဖော်များသူ ၊ မှတ်တမ်းမထားသူ၊ ကိုယ်ဝန်မဆောင်သင့်သောရော ဂါရှိသူ ၊ ကိုယ်ဝန်ဖြစ်လာမှာစိုးရသူ များ မ သုံးသင့်ပါ။
ဤရက်ရှောင်၍ သားဆက်ခြားနည်းသည် အကုန်အကျအ နည်းဆုံးဖြစ်သော် လည်း မတော်တဆ ကိုယ်ဝန်ရနိုင်နှုန်းမှာ အမြင့်ဆုံးဖြစ် သည်။
လိင်ဆက်ဆံမှု နှင့် ဆန္ဓပြည့်ဝမှုကို မူ နှောက် အ ယှက် မ ဖြစ် စေသလို ၊ ဘေးထွက်ဆိုးကျိုးလည်းမရှိသဖြင့် ကိုယ်ဝန်ရမှာ မ ကြောက်ရသော အိမ်ထောင်သည်များ အ ကြိုက်လည်းဖြစ်ပါသည်။
Choicing Contraceptive Method--သားဆက်ခြားနည်းရွေးချယ်ခြင်း
သားဆက်ခြားနည်းရွေးချယ်ခြင်း
သားဆက်ခြားနည်းများတွင် စံပြအဖြစ်သတ်မှတ်ထားသော သားဆက်နည်းတခုတွင် ရှိ ရ မည့်အချက်များ မှာ
(၁) ၁၀၀% ကလေးမရ ဘို့ သေချာရမည် ၊
(၂) ဘေးထွက်ဆိုးကျိုး မ ရှိစေရ ၊
(၃) လိင်ဆက်ဆံမှုကိုနှောက်အရှက် မ ဖြစ်စေ ရ ၊
(၄) သုံးစွဲမှုရပ်လျှင် က လေး တန်းပြန်ရ ရမည် ၊
(၅) ဈေးနှုန် ချိုသာရမည် ၊
(၆) လူမျိုးတိုင်း ဘာသာတိုင်း လက်ခံနိုင်ရမည် ၊
(၇) နှစ်ဘက်ဆန္ဒ ပြည့်ဝမှုကို ဖြစ်စေရမည်။
့ ဒီလို မျိုး သားဆက်ခြားနည်း ကိုအိမ်ထောင်သည်တိုင်းလို ချင် ကြပါမည်။
ဒါပေမယ့်ဒါမျိုး ပြည့်စုံ တဲ့ သားဆက်ခြားနည်း မရှိ သေး ပါ ။စံပြအချက်များသည် ထုံးစံအတိုင်း စာအုပ်ထဲ ၊ အိမ်မက်ထဲမှာ ပဲ ရှိနေ ပါ သေးသည်။ယနေ့  သုံးနိုင်သောသားဆက်ခြားနည်း များတွင် အားသာချက် ၊ အားနည်းချက် ကိုစီ ရှိနေကြပါ သည်။
ထို့ ကြောင့် သားဆက်ခြားနည်းများထဲမှ မိမိနှင့်သင့်တော်ရာ ကိုရွေး ချယ်ဖို့ စဉ်းစား ရ ပြန် ပါသည်၊။
သားဆက်ခြားနည်းများကို ဒီနေရာမှာဖတ်နိုင်တယ်။
သားဆက်ခြားနည်းများကိုသိပြီးလျှင် အခြား စဉ်းစားရမည့်အချက် များ လည်းရှိပါသေးသည်။
(၁)အမျိုးသမီး၏အသက်အရွယ် ၊
(၂) မိသားစု၏ စီးပွားရေး
(၃) အမျိုးသမီး၏ ကျန်းမာရေး
(၄) အမျိုးသမီး ၏ သတိ ကောင်းခြင်း၊ မကောင်းခြင်း
(၅) မိမိတို့ ၏ လိင်သဘောသဘာဝ ( ဆက်ဆံဖော် တဦးတည်း (သို့ ) အများအပြားရှိခြင်း)
(၆) ရည်၇ွယ်ထားသော သားဆက်ခြားမည့် အ ချိန် ကာ လ
ဤအချက်များပေါ် မူ တည် ၍ မိမိနှင့် အသင့်တော်ဆုံး အကောင်း ဆုံးကိုရွေးချယ်ရပါမည်။
သားဆက်ခြားနည်းများ (သန္ဓေတားနည်းများ) - Contraception Methods
သားဆက်ခြားနည်းများ (သန္ဓေတားနည်းများ)
အပြီးသားဆက်ခြားနည်း - သားကြောဖြတ်ခြင်း
(၁) အမျိုးသား သားကြောဖြတ်ခြင်း
(၂) အမျိုးသမီး သားကြောဖြတ်ခြင်း
ခဏတာသားဆက်ခြားနည်း - (၁)သဘာဝနည်းများ
(၁-က) ရက်ရှောင်နည်း
(၁-ခ) နို့ တိုက်နည်း
(၁-ဂ ) သုတ်ရည်ကိုပြင်ပသို့ စွန့် ထုတ်နည်း
- (၂) အကာအကွယ်နည်းများ
(၂-က) အမျိုးသားအကာအကွယ် အ စွပ်သုံးနည်း
(၂-ခ) အမျိုးသမီးအကာအကွယ်များသုံးနည်း
- (၃) အမျိုးသမီး၏ မိန်းမကိုယ်အတွင်း ပစ္စည်းထည့်ခြင်းနည်း
(၃-က) ရိုးရိုးပစ္စည်းထည့်နည်း
(၃-ခ) ဟော်မုန်ပါသော ပစ္စည်းထည့်နည်း
-(၄) ဟော်မုန်းသုံးနည်း
(၄-က) သောက်ဆေးသုံးနည်း
(၄-ခ) ထိုးဆေးသုံးနည်း
(၄-ဂ)အသားတွင်းမြှပ်ကိရိယာသုံးနည်း
ကိုယ်ဝန်ရရှိပုံ - Getting Pregency
ကိုယ်ဝန်ရရှိပုံ
(၁)အမျိုးသားနှင့်အမျိုးသမီး အတူဆက်ဆံကြလျှင်
(၂)ထွက်လာသော
(၃)အမျိုးသား၏သုတ်ရည်ထဲမှ
(၄)သုတ်ကောင်များသည်
(၅)ရှေ့သို့ ရွေ့ လျားတိုးဝင်ကာ
(၆)အမျိုးသမီး၏မွေးလမ်းကြောင်းထဲသို့ ရောက်ရှိလာသည်။
ထို့ နောက်
(၇)သားအိမ်ခေါင်းကိုဖြတ်သန်းပြီး
(၈)သားဥပြွန်ထဲသို့ ရောက်လာပါသည်။
၎င်းသည်သားဥပြွန်ထဲတွင်
(၉) မမျိုးဥကြွေကျချိန်၌ ရှိနေသော သားဥလေးနှင့်
(၁၀)တွေ့ ဆုံ့ကာ
ထိုနေရာမှတဆင့်
(၁၁) သားအိမ် နံရံမြှေးထဲသွားပြီး
(၁၂)တွယ်ကပ်သန္ဓေတည်ရသည်။
ထိုအခြေအနေတို့ မှ တ ခုခုချို့ ယွင်းလျှင် ကိုယ်ဝန်မရ ရှိစေ တတ်ပါ။
ထို့ အတူ သန္ဓေတားချင်လျှင် ကိုယ်ဝန်မရစေချင်လျှင်လည်း ၄င်းအဆင့်များမှ တခုမဟုတ်တခု ကို မဖြစ်အောင် လုပ် ရ ပါ သည်။
May You Meet
TrustWorthy Persons
in Your Life
KoGyiThu
ဒီ ဘလော့ မှာ Photo တွေ ကို Blogspot က နေ တင် ပြီး တဆင့်  သုံး တဲ့  အ တွက် မြန် မာ နိုင် ငံ မှ အင်တာနက် သုံး သူ များ အနေ ဖြင့် photo တွေ ကို မြင် ရ မှာ မ ဟုတ် ပါ ဘူး ။ကို ကြီး သူ က အမှတ် တ၇ တင် ထား တာ သက် သက် ဆို တော့  နောင် များ မှာ UnBlocking the Blog အချိန် လေး များ ရောက် ရင် တော့ံ ပြန် ကြည့် နိုင် မှာ ကို ကို ယ် တိုင် လဲ မျှော် လင့် နေ ရ ကြောင်း ပါ ခင် ဗျာ .။