အကာအကွယ်နည်း - ၃
သားအိမ်ဝအဖုံးသုံးနည်း
ဤနည်း တွင် သားအိမ်ဝဖုံး ပစ္စည်း ကို မိ မိ နှင့် သင့်တော် ရာ ပစ္စည်း အရွယ် အစား ကို မွေးလမ်းကြောင်း အကျယ် နှင့် ချိန် ကိုက် ကာ ပ ထ မ ဆုံး ရွေး ချယ်ရသည်။ထို့ နောက် သားအိမ်ဝဖုံး ပစ္စည်းကို ဂျယ်လီသုတ် ကာ ခေါက် ၍ ဖိညှစ်ပြီး မွေးလမ်းကြောင်းထဲ ထည့်ပါ ။ထည့်သွား ရင်း ဖြင့် နှာခေါင်း ထိပ် ကို စမ်း မိ သလို ခံစားရမှ ရပ် ပါ ။ထိုသို့ အခြေအနေ တွင် သာ သားအိမ်ဝကို သေချာအုပ် မိ၍ စိတ်ချရသည်။
ဆက်ဆံပြီး က ( ၆ နာရီ မှ ၂၄ နာရီအတွင်း ) ဖြုတ်ပစ်ရပါသည်။ ဖြုတ်နည်းမှာ လွယ် ကူ ပါ သည်။ မိ မိလက် ညှိုး ဖြင့် ကလော် ၍ ဖြုတ် လိုက်ရုံ ပင် ဖြစ် သည်။ထို့ နောက် ၄င်း ကို ရေဆေး ကာ ပြန် သုံး နိုင် ပါ သည်။
ထို့ ကြောင့်ငွေကြေး အကုန် အကျ နည်းစေ သော နည်း ဖြစ်သော် လည်း ရာဘာ နှင့် မတည့်သူများ ၊ သားအိမ်ကျသားအိမ်လန်နေသူ များ မသုံးသင့်ပါ။
၆ နာရီ မှ ၂၄ နာရီ အချိန်အတွင်း မထုတ်ပဲ ထပ် မံဆက်ဆံ လို က သုတ်ပိုးသေဆေး တမျိုး မျိုး ကို ပိုက် ဖြင့် ထည့်ပေး ဖို့  လို အပ် ပါသည်။ကလေးမွေး ပြီးစ ၊ ကလေး ပျက်ပြီး စ တွင် ဤ နည်း ကို မသုံး သင့် ပါ။ ၁၂ ပတ်ကျော် လွန် မှ သာ အသုံးပြု သင့် သည်။
အကာအကွယ်နည်း - (၃) -သားအိမ်ဝအဖုံးသုံးနည်း
Big Brother Thu, Saturday, September 22, 2007
Labels:
Contraception
Subscribe to:
Post Comments (Atom)
Comments :
Post a Comment