Showing posts with label General. Show all posts
Showing posts with label General. Show all posts

မွန် မွန် သို့  -To Mon Mon


မွန် မွန်သွေး ၁၅ ကြိမ် လှုခဲ့  တာ ကို သာ ဓု အ ရ င် ခေါ် ပါ ရ စေ။
အဲ ဒီတုန်း က ပိုး မ တွေ့  ခဲ့  ပဲ ခု မှ တွေ့  တယ် ဆို တာ အ ကြောင်း အ မျိုး မျိုး ကြောင့် ဖြစ် နိုင် ပါ တယ်။
နောက် ဆုံး သွေး မစစ် ခင် လေး မှာ ပိုး ကာ ကွယ် ဆေး ထိုး မိ သ လား ၊။ (?)
နောက် ဆုံး သွေး လှု ပြီး နောက် ပိုင်း မှာ ပိုး ၀င် နိုင် တဲ့  အ ခြေအနေ တွေနဲ့  ကြုံ ခဲ့  သလား ( ? )
အား လုံး ကိုယ့်  ဘက် က သေ ချာ နေ ရင် နောက် ထပ် သွေ စစ် ကြည့်  ပါ ၊၊ ( ?)
B ပိုး ရအ တွက် ဒါ လေး တွေ ဖတ် ကြည့်  ပါ အုံး ( ? )

sayardaw PROJECT



A-New_and_Advice_(သတင်းကောင်းတစ်ခုနှင့်)

သတင်းကောင်းတစ်ခုနှင့်

မတ်လ ၁၆ ရက်နေ့  ထုတ် ကုမုဒြာ ဂျာနယ် မှာ KYM ရဲ့ သတင်း တစ် ပုဒ် ကို ဖတ်မိပါတယ် ။ဖတ်နေရင်းအတွေးလေးပေါ်လာလို့ ဒါလေးတွေရေးလိုက်မိပါတယ် ။

သတင်း က ရှမ်းပြည်နယ် ၊ အောင်ပန်းမြို့  မှာ " ဖြူစင်မေတ္တာ ဆေးပဒေသာ " အဖွဲ့ ဖွဲ့  စည်းပြီး ဆင်းရဲနွမ်းပါးသော လူနာတွေကို ဆေးဖိုး အကူအညီပေးနေတဲ့ အကြောင်းပါ။
ဖေဖေါ်ဝါရီလမှာ လူနာ ၂၅ ဦးကို ကျပ် ၃သိန်း ခွဲ ဖိုး အကူအညီပေး နိုင် ခဲ့ ပြီး ယခုမတ်လမှာလူနာ ၃၀ ဦးကို ကျပ် ၃ သိန်း ဖိုးကူညီဖို့  ဆောင်ရွက်နေကြောင်း နဲ့  တောင်ကြီးဆေးရုံထိ ပို့  ပြီးကုသဖို့ လိုအပ်သူဆို ရင် ငွေကျပ် ၁ သိန်း အ ထိကူညီဖို့ ရှိတယ်လို့ ဆိုပါတယ်။
အကူအညီလိုသူ ၊ အကူအညီပေးလိုသူ တွေအနေနဲ့  ဦးမျိုးထွန်း (၀၈၁- ၆၀၀၄၆) နဲ့  ဦးမြင့်အောင် (၀၈၁ - ၆၀၀၂)ကို ဆက်သွယ်နိုင်တယ်လို့ လဲဖော်ပြထားပါတယ် ။

အရင်က "ဗြဟ္မစို ရ် နာရေးကူညီမှုအသင်း" စတငပေါ်လာပြီး တဲ့နောက် တနိုင်ငံလုံး နာရေးကူညီမှုအသင်းတွေ အလျှို လျှိုပေါ်လာခဲ့သလိုမျိုး ကျန်းမာရေးနဲ့  ဆေးအကူအညီပေးရေး အသင်းတွေ ပေါ်ပေါက်လာလျင်ဖြင့် ဆင်းရဲနွမ်းပါးသူများအတွက် ၀မ်းမြောက်စရာပါ။
သေပြီးမှအကူအညီရသည်ထက် မသေဖို့ အကူအညီ ပါရ မည် ဆိုပါလျင်ပိုလို့ ဝမ်းမြောက်စရာဖြစ်ရပါမည် ။

မန္တလေးဆေးရုံကြီးတွင်တော့ "ဗြဟ္မစို ရ် နာရေးကူညီမှုအသင်း" မှငွေကြေးချို့ တဲ့ သူများကိုအကူအညီပေးနေပါသည်။ဆေးကုသဆောင်(၁)၊(၂)၊(၃)နှင့် သံဃာ့ဆေးရုံ တို့ ကိုအဓိကထား ကူညီနေပါသည်။ထိုကဲ့သို့ နွမ်းပါးသူများအား ဆေးဖိုးဝါးခကူညီရေး အသင်းအဖွဲ့ များ ထပ်မံပေါ်ပေါက်လာဦးမည်ဆိုပါလျင်၊ မြန်မာနိုင်ငံတွင်ဘုရားဒကာ ၊ ကျောင်းဒကာတွေ ပေါများနေသလို ဆေးအလှုဒကာ ဆေးအလှုဒကာမတွေပေါ်ပေါက်များပြားလာပါလျှင် မ ည်မျှ သာဓုခေါ်ဖွယ်ဖြစ်ပါမည်နည်း ။

မြတ်စွာသောဗုဒ္ဓဘုရားက " သူနာကို ပြုစုသူသည် ငါဘုရားကို ပြုစုသည် မည် ၏ " ဟုမိန့် ကြားဖူးသည် မဟုတ်ပါလား ။ ။


 
May You Meet
TrustWorthy Persons
in Your Life

KoGyiThu
ဒီ ဘလော့ မှာ Photo တွေ ကို Blogspot က နေ တင် ပြီး တဆင့်  သုံး တဲ့  အ တွက် မြန် မာ နိုင် ငံ မှ အင်တာနက် သုံး သူ များ အနေ ဖြင့် photo တွေ ကို မြင် ရ မှာ မ ဟုတ် ပါ ဘူး ။ကို ကြီး သူ က အမှတ် တ၇ တင် ထား တာ သက် သက် ဆို တော့  နောင် များ မှာ UnBlocking the Blog အချိန် လေး များ ရောက် ရင် တော့ံ ပြန် ကြည့် နိုင် မှာ ကို ကို ယ် တိုင် လဲ မျှော် လင့် နေ ရ ကြောင်း ပါ ခင် ဗျာ .။