သတင်းကောင်းတစ်ခုနှင့်
မတ်လ ၁၆ ရက်နေ့  ထုတ် ကုမုဒြာ ဂျာနယ် မှာ KYM ရဲ့ သတင်း တစ် ပုဒ် ကို ဖတ်မိပါတယ် ။ဖတ်နေရင်းအတွေးလေးပေါ်လာလို့ ဒါလေးတွေရေးလိုက်မိပါတယ် ။
သတင်း က ရှမ်းပြည်နယ် ၊ အောင်ပန်းမြို့  မှာ " ဖြူစင်မေတ္တာ ဆေးပဒေသာ " အဖွဲ့ ဖွဲ့  စည်းပြီး ဆင်းရဲနွမ်းပါးသော လူနာတွေကို ဆေးဖိုး အကူအညီပေးနေတဲ့ အကြောင်းပါ။
ဖေဖေါ်ဝါရီလမှာ လူနာ ၂၅ ဦးကို ကျပ် ၃သိန်း ခွဲ ဖိုး အကူအညီပေး နိုင် ခဲ့ ပြီး ယခုမတ်လမှာလူနာ ၃၀ ဦးကို ကျပ် ၃ သိန်း ဖိုးကူညီဖို့  ဆောင်ရွက်နေကြောင်း နဲ့  တောင်ကြီးဆေးရုံထိ ပို့  ပြီးကုသဖို့ လိုအပ်သူဆို ရင် ငွေကျပ် ၁ သိန်း အ ထိကူညီဖို့ ရှိတယ်လို့ ဆိုပါတယ်။
အကူအညီလိုသူ ၊ အကူအညီပေးလိုသူ တွေအနေနဲ့  ဦးမျိုးထွန်း (၀၈၁- ၆၀၀၄၆) နဲ့  ဦးမြင့်အောင် (၀၈၁ - ၆၀၀၂)ကို ဆက်သွယ်နိုင်တယ်လို့ လဲဖော်ပြထားပါတယ် ။
အရင်က "ဗြဟ္မစို ရ် နာရေးကူညီမှုအသင်း" စတငပေါ်လာပြီး တဲ့နောက် တနိုင်ငံလုံး နာရေးကူညီမှုအသင်းတွေ အလျှို လျှိုပေါ်လာခဲ့သလိုမျိုး ကျန်းမာရေးနဲ့  ဆေးအကူအညီပေးရေး အသင်းတွေ ပေါ်ပေါက်လာလျင်ဖြင့် ဆင်းရဲနွမ်းပါးသူများအတွက် ၀မ်းမြောက်စရာပါ။
သေပြီးမှအကူအညီရသည်ထက် မသေဖို့ အကူအညီ ပါရ မည် ဆိုပါလျင်ပိုလို့ ဝမ်းမြောက်စရာဖြစ်ရပါမည် ။
မန္တလေးဆေးရုံကြီးတွင်တော့ "ဗြဟ္မစို ရ် နာရေးကူညီမှုအသင်း" မှငွေကြေးချို့ တဲ့ သူများကိုအကူအညီပေးနေပါသည်။ဆေးကုသဆောင်(၁)၊(၂)၊(၃)နှင့် သံဃာ့ဆေးရုံ တို့ ကိုအဓိကထား ကူညီနေပါသည်။ထိုကဲ့သို့ နွမ်းပါးသူများအား ဆေးဖိုးဝါးခကူညီရေး အသင်းအဖွဲ့ များ ထပ်မံပေါ်ပေါက်လာဦးမည်ဆိုပါလျင်၊ မြန်မာနိုင်ငံတွင်ဘုရားဒကာ ၊ ကျောင်းဒကာတွေ ပေါများနေသလို ဆေးအလှုဒကာ ဆေးအလှုဒကာမတွေပေါ်ပေါက်များပြားလာပါလျှင် မ ည်မျှ သာဓုခေါ်ဖွယ်ဖြစ်ပါမည်နည်း ။
မြတ်စွာသောဗုဒ္ဓဘုရားက " သူနာကို ပြုစုသူသည် ငါဘုရားကို ပြုစုသည် မည် ၏ " ဟုမိန့် ကြားဖူးသည် မဟုတ်ပါလား ။ ။
A-New_and_Advice_(သတင်းကောင်းတစ်ခုနှင့်)
Big Brother Thu, Tuesday, March 27, 2007
Subscribe to:
Post Comments (Atom)
Comments :
Post a Comment