ဆံပင်ဆိုးဆေးများရဲ့ ဆိုးကျိုးတွေ
ဆံပင်ဆိုးဆေးကို တာရှည်ခံအောင် ဆေးဆိုးကြတဲ့အခါ Hydrogen Peroxide,Ammonia,Phenlenediamine,LeadAcetate,Coal Tar စတာတွေကို သုံးကြပါတယ်။တစ်ခုခြင်းစီမှာ ဆိုးကျိုးတွေကိုယ်စီရှိကြပါတယ်။များသောအားဖြင့် ဆံပင်ဆိုးဆေး အရောင်ရင့်လေ ပိုဆိုးကျိုးများလေဖြစ်ပါသည်။
(၁)Ammonia -Pulmonary toxicity အဆုတ်အဆိပ်သင့်တတ်ပါတယ်။ခေါင်းကိုက်တတ်၊သတိမေ့တတ်တယ်။
(၂)Phenylenediamine -Severe Allergic Dermatitis ပြင်းထန်ဓာတ်မတဲ့အရေပြားရောင်ရမ်းနာ ဖြစ်စေတတ်တယ်။Occular toxicity မျက်စိအဆိပ်သင့်ခြင်း၊ Pulmonary toxicity အဆုတ်အဆိပ်သင့်ခြင်း၊ဆီးအိမ်ကင်ဆာဖြစ်စေခြင်း၊ရင်သားကင်ဆာဖြစ်စေခြင်း၊သွေးကင်ဆာဖြစ်စေခြင်း၊အကြိတ်ကင်ဆာဖြစ်စေခြင်း စသဖြင့် ဆိုးကျိုးများစွာပေးပါတယ်။
(၃)Lead Acetate -ဦးနှောက်နှင့်အာရုံကြောရောဂါများ ၊ သွေးကြောနှင့်ဆိုင်သောရောဂါအများအပြားနဲ့ ဆက်စပ်နေပါတယ်။
(၄)Coal Tar -ဒီဓာတ်ပါတဲ့ဆေးသုံးပြီးရင် တစ်ပတ်လောက်ကြာတဲ့အခါ ခေါင်းမှာအဖတ်တွေထတတ်တဲ့ Dermatitis ရတတ်ပါတယ်။
(၅)Hydrogen Peroxide -ဆံပင်ရဲ့ အဆီတင်လွှာကိုပျက်စီးစေပါတယ်။
ဆံပင်ဆိုးဆေးများရဲ့ ဆိုးကျိုးတွေ
Www.KoGyiThu.BlogSpot.Com, Friday, September 7, 2012
Labels:
Healthy Hair
Subscribe to:
Post Comments (Atom)
Comments :
Post a Comment