Showing posts with label General Health Knowledge. Show all posts
Showing posts with label General Health Knowledge. Show all posts

Donating Dead Body -ကိုယ်ခန္ဓာလှုဒါန်းလိုလျှင

ကိုယ်ခန္ဓာလှုဒါန်းလိုလျှင်

ဆေးတက္ကသိုလ် မန္တလေး ခန္ဓာဗေဒဋ္ဌာနသို့  မိမိကိုယ်ခန္ဓာကို ဆေး ပညာသင်ကြားရေးအတွက် အကျိုး ပြုခြင်းအလို့  ငှာ ကိုယ်ခန္ဓာလှုဒါန်းလိုလျှင် အသိသက်သေ (၁) ယောက်နှင့် အတူ ၊ နေရပ်လိပ်စာအတိအကျပေး၍ ခန္ဓာဗေဒဋ္ဌာနမှုး ရှေ့မှောက်တွင်ကတိပြု လက်မှတ် ထိုး ထားနိုင် ပါ သည်။
လက်မှတ်ထိုး ထား လျှင် မည်သည့် ရက် တွင် မဆိုသေဆုံးကိုယ်ခန္ဓာကိုခန္ဓာဗေဒဋ္ဌာနမှ လက် ခံ ပါသည်။
အခြားသိသင့်သော အချက် များ မှာ
(၁) ခန္ဓာကိုယ် လှုဒါန်း သူ ကွယ်လွန်ပြီး ချက်ချင်း အကြောင်း ကြား သင့် သည်၊ ၊ ၂၄နာ ရီထက်ကျော်လျှင်ဆေးသွင်း ရန် ခက် ခဲ တတ် ၍ ဖြစ်သည်၊၊
(၂) ကွယ်လွန်ပြီး အ သုံး ပြု ၍ရသော ကိုယ်ခန္ဓာကိုသာ လှု ၍ ရ သည်။
( ပလိပ်ရော ဂါ ၊ ၀မ်းရောဂါ ၊ ကျောက်ရောဂါ ၊ နူနာရောဂါ ၊ စသည့် ကူးစက်တတ်သော ဝေဒနာများ ဖြင့် သေ ဆုံးသော ကိုယ်ခန္ဓာများ ကို မ လှုနိုင် ပါ။
ပုပ်သိုးသောခန္ဓာ၊ ဖောရောင်သည့်ကိုယ်ခန္ဓာ၊ ကျိုး ပြတ်ပေါက်ကွဲသော ဒဏ်ရာနှင့် ကွယ်လွန်သော ကိုယ်ခန္ဓာ တို့  ကို လည်း ဆေး စိမ် ၇န်မဖြစ်နိုင်၍ မလှု နိုင် ပါ ။)
(၃)အစိုးရ ရုံးပိတ်ရက်များ ၊ ကျောင်းပိတ်ရက်များ တွင် ကြိုတင်လှုထားသော ကိုယ်ခန္ဓာများ သာ လှု ဒါန်းနိုင်ပါ သည်။ကြိုတင်လှုထားခြင်းမဟုတ်သော ကိုယ်ခန္ဓာများကို ၄င်းရက်များ တွင် အ လှု မ ခံ ၍့ဖြစ်သည်။
(၄) မန္တလေး စည် ပင် သာ ယာ နယ် နိ မိတ် အ တွင်း တွင် သေ ဆုံး သော ကိုယ်ခန္ဓာများ ကို သာ လှု နိုင်ပါသေး သည်။
(၅) ကိုယ်ခန္ဓာနှင့်အ တူ သေ စာ ရင်းစာရွက်ပါ ပေး ပို့  ပေး ရ ပါ သည်။
(၆) ကိုယ်ခန္ဓာယူသော အ ခါ အ သုဘချသကဲ့သို့  ကားဖြင့် လိုက်ပို့ ခြင်း ၊ လူစုလူဝေးဖြင့် လိုက်ပို့  ခြင်း မပြု ရ ပါ။
သို့ သော် ကိုယ်ခန္ဓာအလှု ခံခြင်း ၊ သယ်ယူခြင်း ၊ ဆေးစိမ်ဆေးသွင်းခြင်း များ အဆင့် ဆင့် လုပ်ရသဖြင့် ကိစ္စချောမောအောင် ကူညီပေးသင့်ပါသည်။
(၇)ဆေးတက္ကသိုလ် မန္တလေးခန္ဓာဗေဒဋ္ဌာန သည် သေဆုံးပြီး ကိုယ်ခန္ဓာများ ကို လက် ခံ ခြင်း သာ ဖြစ် ပြီး ခန္ဓာကိုယ်လှုထား သူနာမကျန်းဖြစ်နေစဉ် ဆေးရုံတင်ပေးခြင်း ၊ ဆေး ကုသပေးခြင်း များ နှင့် မသက်ဆိုင်၍ တာဝန် ယူခိုင်းခြင်း မပြု နိုင်ပါ။။

သာဓု.....သာဓု.......သာဓု

Lady

ပိန်သောသူများသည်ဝသောသူများထက် အသက်ပိုရှည်ကြသည်။
ဂရိဆေးပညာရှင်ကြီး ဟစ်ပိုကရေးတီး ( ဘီစီ ၄၆၀ - ၃၇၇)

Blood Donating is like Organ Donatingသွေး လှု ခြင်း

သွေး လှု ခြင်း

သွေး သည် အ ရည် ပင် ဖြစ် သော် လည်း သွေး လှု ခြင်း သည် ကိုယ် အဂ်ါ အစိတ် အပိုင် လှု ခြင်း တ မျိုး ဟုခေါ်နိုင် ပါ သည်။
လူ တယောက် တွင် သွေး ပမာ ဏ ( ၅ .၅ ) လီတာ ခန့်  ရှိ ပါ သည် ။
သွေး တ ခါ လှု လျှင် ထို သွေး ပမာ ဏ ( ၅ .၅ ) လီတာ အထဲ က မှ
အ စွန် ထွက် ပ မာ ဏ ဖြစ် သော ( ၀. ၅) လီ တာ မျှ ပင် မ ရှိ သော ( ၀.၄ ) လီ တာ မျှ သာ လှု ရ ခြင်း ဖြစ် ပါ သည် ။
မ ပြော ပ လောက် သော ပ မာ ဏ မျှ သာဖြစ် ပါ သည်။
သွေး လှု လျင် သွေး စစ် ဆေး ပေး ခြင်း ၊ ကျန် မာ ရေး စစ် ဆေး ပေး ခြင်း များ ပြု လုပ် ပေး ရာ သွေး လှု ခွင့်  ရ ခြင်း သည် ကျန် မာ ရေး ကောင်းသူ ဖြစ် ကြောင်း ပြ ရာ လဲေ၇ာက် ပါ သည် ။
သွေး မှတဆင့်  ကူး စက် နိုင် သော ရော ဂါ ရှိ သူ များ (B ပိုး ၊ C ပိုး ၊ ငှက်ဖျားပိုး ၊ HIVပိုး စသည့်  ရောဂါ ရှိ သူ များ )၊ ကျန်မာရေး ဒေါင် ဒေါင် မည် မ ဖြစ် သူ များ
သွေး လှု ခွင့် မ ၇ှိ ပါ ။
သွေး လှူ သော လူ တ ယောက် တွင် ကျောက် ကပ် ထဲ မှErythropoietin ဓာတ် ပို ထွက် စေ ခြင်း သည် လဲ ကောင်း သော အ ရာ
တ ခု ဖြစ် ပါ သည်။
မွန် မြတ် သော ၊ သာ ဓု ခေါ် ထိုက် သော အ လှု တ ခု ပြု ခြင်း လည်း ဖြစ် ပါ သည် ။


If Smoke ဆေးလိပ် သောက် ရင်....

ဆေးလိပ် သောက် ရင်....
ဆေး လိပ် ထဲ မှာ Nicotine ပါ တယ် ။
Nicotine က သုံး စွဲ သူ ကို - စိတ် ကြည် နူး စေတယ် ။
နိုး ကြား တက်ကြွစေတယ်။
လုပ် ရည် ကိုင် ရည် ပို ကောင်း စေ တယ် ။
စိတ် ဖိ စီး မှု ရော့ ပါး စေ တယ် ။
ဆာလောင် မှု လျော့ ပါး စေ တယ် ။
ကိုယ်အလေးချိန်ကျ စေ တယ် ။
အဆီဓာတ်ကိုမြှင့်ပေး တယ်။
နှလုံး ခုန် မြန်စေ တယ် ။
နှလုံး နှင့် အရေပြား သွေး ကြော ကျဉ်း စေ တယ် ၊၊
သွေးတိုး စေ တယ် ။
ကြွက်သား များ ပြေလျော့စေ တယ် ။

ဆေးလိပ်စွဲနေသူဆေး လိပ်မသောက် ရ ရင် - ဂ နာ မငြိမ် ဖြစ်တယ်။
စိတ်မတည်မ ငြိမ် ဖြစ်တယ်။
အာရုံမစူး စိုက် နိုင် ဖြစ် ရတယ် ။
စိတ်သော က တိုး စေ တယ်။
ဆာလောင် စိတ် များ စေ တယ်။
ကိုယ်အလေး ချိန် တိုး တယ်။
အိပ်မပျော် လွယ် တတ် ပါ ။
နှလုံး ခုန် နှေး စေ တယ် ။
ဆေး လိပ် မ သောက် ရ မ နေ နိုင် ဖြစ် လာ တယ် ။။

Alcohol Headacheညအရက်သောက်ပြီး အိပ်ရာထခေါင်း ကိုက်လျှင်

ညအရက်သောက်ပြီး အိပ်ရာထခေါင်း ကိုက်လျှင်

( ၁) အိပ် ရာ ထထ ချင်း ရေ များ များ သောက် ပါ ။ ( ဆား နှင့်  သ ကြား ပါ လျှင် ပို ကောင်း သည်။ )
( ၂) ပျား ရည် နှင့်  ခရမ်း ချဉ် သီး ရေ ရော သောက် ပါ ။ ( Frutose ပါ သည် )
( ၃) ကော် ဖီ ခါး ခါး သကြား ထည့်သောက် ပါ ။
(၄) လိမ္မော်ရည် သို့  မဟုတ် နာ နတ် ရည် တ ဖန် ခွက် ၀၀ သောက် ပါ ။
(၅) နောက် ထပ် အ ရက် ထပ် မ သောက် ရပါ ။
( ၆) အစာ မေ ကြလွယ် သော အစား အ သောက် များ မစား သင့်  ပါ ။ ကြက်သား ၊ သား ငါး စွပ် ပြုတ် များ စား နိုင် သည် ။


How_Man_Die

လူသေပုံ (ကိုကြီးသူမှတ်စု)

လူတစ်ယောက် သေ တော့မယ်ဆိုရင် ဒီလို အဆင့်တွေ ဖြစ်တတ်တယ်လို့ မှတ်သားဖူး ပါတယ်။
ပထမဆုံး သွေး ဆုတ်လာတယ် ပြီးတော့ မျက်နှာဖြူဖတ်ဖြူရော်ဖြစ်လာတယ်။ နားရွက်လန်လာတယ်။မျက်စိလည်သွားပြီးမေးထိုးလာတယ်။ ပြီးတော့ ခြေလက်တဆတ်ဆတ်ဖြစ်တယ်။အသက်ရှုပြင်းသထက်ပြင်းလာတယ်။ဇောချွေးတွေ နဖူး တွေကပါထွက်လာတယ် ။ နောက်ဆုံးမှာတော့ ရေခဲလို အေးစက်သွားတယ်လို့  ဆိုပါတယ်။

Eyes-And-Man

မျက်လုံး ၊ မျက်မှန် နဲ့  လူ

မျက်မှန် တတ်သင့် သူ နဲ့  မျက်စိ ရောဂါ ရနေတဲ့သူ မတူ ပါဘူး ။
မျက်စိ ရောဂါ ရနေတဲ့သူ က မျက် စိ က နာ လဲနာ ၀ါး လဲဝါး ပါတယ် ။
မျက်မှန် တတ်သင့် သူ က တော့ အမြင်ပဲ ၀ါး တယ် ၊ မနာပါဘူး ။

တချိုက မျက်မှန်(ပါဝါနဲ့ )တတ်ရင် တဖြည်းဖြည်းပါဝါတိုးတတ်ရတယ် လို့  ထင်ကြတယ် ။ မမှန်ပါဘူး။
မျက်စိဆရာဝန်ကြီး တယောက်က တော့ အခုလို ဥပမာပေးပါတယ်။ဖိနပ်စီးလို့ ခြေထောက်ပိုကြီးလာပြီး ဖိနပ်ပိုကြီးတာကို စီးစီးလာရတာ မဟုတ်သလိုမျိုး ပဲလို့  ဆိုပါတယ်။

မျက်လုံးဟာ သဘာဝက အဝေးကြည့်ပိုအားသန်အောင် လုပ်ပေးထားပါတယ် ။ခဏခဏ အဝေးကို ကြည့်ကြည့် ပေးသင့်ပါတယ်။ အဲဒိတော့ မျက်လုံးအနားပေးတဲ့ အနေနဲ့ အခုပဲ အဝေးကိုခဏ (at least 5 secconds )လောက် ကြည့်ပေးပါစို့ လား ။

 
May You Meet
TrustWorthy Persons
in Your Life

KoGyiThu
ဒီ ဘလော့ မှာ Photo တွေ ကို Blogspot က နေ တင် ပြီး တဆင့်  သုံး တဲ့  အ တွက် မြန် မာ နိုင် ငံ မှ အင်တာနက် သုံး သူ များ အနေ ဖြင့် photo တွေ ကို မြင် ရ မှာ မ ဟုတ် ပါ ဘူး ။ကို ကြီး သူ က အမှတ် တ၇ တင် ထား တာ သက် သက် ဆို တော့  နောင် များ မှာ UnBlocking the Blog အချိန် လေး များ ရောက် ရင် တော့ံ ပြန် ကြည့် နိုင် မှာ ကို ကို ယ် တိုင် လဲ မျှော် လင့် နေ ရ ကြောင်း ပါ ခင် ဗျာ .။