Showing posts with label Eye Health. Show all posts
Showing posts with label Eye Health. Show all posts

မျက်စိအတွင်းစွန်ခြင်း( Chalazion )

မျက်စိအတွင်းစွန်ခြင်း( Chalazion )

မျက်ခွံ အစွန်း တွင် မျက်စိစွန်ခြင်း မျိုးကို မျက်ခွံအတွင်းတွင် စွန်ခြင်း ဖြစ် သည်။

ဖြစ်ပုံမှာ မျက်ခွံအတွင်း ရှိ အ ကျိတ်များ ရောင်ရမ်း ကာ မျက် ခွံ အတွင်း အဖု ဖြစ် လာ မည်။ အ ဖု တစ်ခုထက်ပို၍ ဖြစ်နိုင်သည်။အပေါ် မျက်ခွံရော အောက် မျက် ခွံတွင် ပါ ဖြစ် နိုင်သည်။ပိုးဝင်လျှင် ပြည်တည်၍ နာ ကျင် တတ်သည်။အဖုကြီးလျှင် မျက်ခွံ အ လယ် တွင် ရှိ က မျက်လုံးအပေါ် ဖိ ကာ မျက်စိအောင့် နိုင်သည်။
အဖုအတွင်းတွင် ၀တ်ဆံ ရှိတတ်သည်။
ခွဲစိတ်၍ ၀တ်ဆံကုန်အောင် ခြစ် ပစ် မှ ပျောက်ကင်းတတ်သည်။

မျက်စိစွန်ခြင်း( Stye )

မျက်စိစွန်ခြင်း( Stye )

မျက်ခွံ တွင် ဖြစ် တတ် သော ရော ဂါ များ ထဲ တွင်မျက်စိစွန်ခြင်းသည် အဖြစ် အ များ ဆုံး ရော ဂါ ဖြစ်သည်။
ဖြစ်ပွား ပုံမှာ မျက်တောင်မွှေး အ ရင်း တွင် ရော ဂါ ပိုး ၀င် ကာေ၇ာင်ရမ်း လာ မည်။နာ လာ မည်။ မျက်ခမ်းနား တွင် ခပ်မာမာ အဖုသေး လေး ပေါ် လာ မည်။

မျက်စိစွန်ခြင်း သည် ဖြစ်ရန် လွယ် သ လို ပျေက် ရန် လည်း လွယ် ပါ သည်။
ရေနွေးကြပ်ထုတ်ထိုးပေးခြင်း ၊ စွန်သည့်နေရာ ရှိ ပြည်ဖုနေရာ မှ မျက်တောင် မွှေး ကို နှုတ်ပစ် ကာ ပြည်ထွက်သွားစေခြင်း ဖြင့် ပျေက်ကင်းနိုင်သည်။

ဆီးချို သွေးချိုရော ဂါ ရှိ လျှင် မူ ကြာတတ်ပါသည်။

Eye , Light and Healthy eye--မျက်စိ ၊ အလင်းရောင် နှင့် ကျန်းမာရေး

မျက်စိ ၊ အလင်းရောင် နှင့် ကျန်းမာရေး


မျက်စိသည် အ ရာဝတ္ထုများ ကို အ လင်း ရောင် ရှိ မှ သာ မြင် ရ သဖြင့် မျက် စိ သည် အလင်း ရှိမှ သာအ သုံး ပြု ၍ ရ သော ကိုယ် အင်္ဂါ အစိတ် အပိုင်း တစ် ခု ဟု ဆို နိုင် သည်။အလင်း သည် မျက် စိ အား မြင်အား ဖြစ် ဖို့ ရ တွင်အ လင်း အား ပေါ် မူ တည် ၍ အ ကောင်း ရော အ ဆိုး ပါဖြစ် စေ နိုင် ပါ သေး သည်။အလင်းရောင် ပြင်း လွန်း ၊ မှုန် လွန်း ၊ နည်း လွန်း လျှင် မျက် စိ အား ဘေး ဖြစ် စေ တတ် ပါ သည်။

စာသင် ခန်း တွင်း ရှိ သင် ပုန်း ၊ White Board များ ပေါ် ကျ သော အလင်း သည် အ ခန်း တွင်း ကျ ရောက်သော အ လင်း ထက် ပို များ သင့်သည်။

အလင်း ရောင် ကောင်း ကောင်း ရ သော အ ချိန် နေ ရာ တွင် သာ စာ ရေး စာ ဖတ် ပြု လုပ် သင့် သည်။

အလင်းေ၇ာင် နည်း လေ မျက်စိ အား စိုက် ရ မှု များ လေ ဖြစ် သည် ။ထို့  အ တူ ပို ၍ အ နီး ကြည့်ရလေ မျက် စိ အား စိုက် ရ လေ ဖြစ် သည်။ မျက်စိ နှင့် ဆိုင် သော စာ အုပ် များ တွင် " မျက် စိ သည် အ ဝေး ကြည့် အ တွက် သ ဘာ ၀ က ဖန် တီး ထား ခြင်း ဖြစ် သည် " ဟု ပင် ဆို ကြ သည်။ထို့  ကြောင့် အ လင်း ရောင် အား နည်း လျှင် အ နီး ကြည့် လုပ် ငန်း လုပ် ကိုင် ခြင်း ကို ရှောင် ကျဉ် သင့် ပါ သည်။အ နုစိတ် လုပ် ရ လေ အလင်း ရောင် များ များ လို လေ ဖြစ် သည်။

အလင်း သည် မိ မိ မျက်စိ ထဲ သို့  တိုက် ရိုက် မ ထိုး စေ သင့် ပါ။

မိ မိ ကြည့် သည့် အ ရာ ပေါ် အ ရိပ် မ ကျ စေ ဖို့  ရာ လဲ သ တိ ပြု ရ မည်။ အ ရိပ် ကျ ပါ က ပေး သ လောက် အ လင်း ရောင် မ ရ ဖြစ် တတ် သည်။

အ လင်း သည်နောက် ဘက် မှ နေ ၍ မိ မိ က ညာ သန် ဆို က ညာ ဘက် မှ ၊ ဘယ် သန် ဆို က ဘယ် ဘက် မှ ကျ ရောက် သင့် သည်။

စာရေး စာ ဖတ် အ ပါ အ၀င် အ နီး ကြည့် လုပ် ငန်း များ တွင် အ နီး ဆုံး အ ကွာ အ ဝေး သည် ( ၁ ပေ ) ဖြစ် သင့် သည်။ ထို့  ထက် နီး က မျက် လုံး အား ပို စိုက် နေ ရ ပါ မည်။

စာ ကို နာ ရီ ၀က် ၄၅ မိနစ် ထက် ပို ၍ ဆက် တိုက် မ ဖတ် သင့် ပဲ ခဏ ခ န ပြတင်းမှ နေ ၍ အ ဝေး သို့  ကြည့် ပေး သင့် သည်။ အ နား ပေး ရ ပါ မည်။

လူ အား နည်း လျှင် မျက် စိ လည်း အား နည်း သည်။ အ ထူးသဖြင့် ဖျား နာနေစဉ် ၊ နာ လန်ထ စ နှင့် ၊ သားဖွားပြီး စ အ ချိန် များ တွင် အနီး ကပ် အား စိုက် ရ သော လုပ် ငန်း များ ၊ စာရေးစာဖတ် ခြင်း များ ကို မ ပြု လုပ် သင့် ပဲ လူ အ နား ယူ သ လို မျက် စိ လည်း အ နား ယူ ဖို့ သင့် ပါ သည်။

Eye and Vitamin A,B

မျက်စိနှင့် ဗိုက်တာ မင် အေ ၊ ဘီ

ဗိုက်တာ မင် အေ လျော့ နည်းက ကြက်မျက်သင့်ခြင်း ၊မျက်ကြည်၊ မျက်မြှေး မျက် သား များ ခြေက် သွေ့  ခြင်း ၊မျက် ကြည် ပျော့ လာ ကာေ ပါက် သွား ပြီးမျက် စိ သိမ် သွားခြင်း ၊ ကြက်ဆူးထွက်ခြင်း နောက်ဆုံး မျက် စိ ကွယ်သွား ခြင်းများ ၊ မျက်ခွံ နှစ် ခု အ ကြား မျက် မြှေး ပေါ် တွင် ငွေရောင် အ ဖတ်ကလေးများ ပေါ် ခြင်း များ ဖြစ်တတ် သည်။
ဗိုက်တာ မင် ဘီ ဓာတ်လျော့နည်း ပါက အနီးကြည့် အဝေးကြည့် မှုန် ခြင်း ၊ မျက် စိ ကိုက် ခြင်း ၊ ပုံ မှန် ထက် မြင် အား ၆ ဆ လျော့နည်း ခြင်း ၊ မျက် စိ အတွင်း ပိုင်း အာ ရုံ လွှာ ပျက်စီး စေ ခြင်း ၊မျက် လုံး nerve ကြော ကြီး ပျက် စီးခြင်းများ ဖြစ် စေတတ် ပါသည်။

Eye Drop Side Effects -မျက်စဉ်းများ ၏ဘေး

မျက်စဉ်းများ ၏ဘေး

ကော်တီစုန်းပါ Cortisoneသော ဆေး များ သည် အနာ ကျက် မှု နှေး စေ သ ဖြင့် မျက်ကြည်နာ ၊မျက်စိေ၇ယုန် ရောဂါ ၊ virus ပိုး ဝင်သော ရော ဂါများ တွင် မ သုံးသင့် ပါ ။
မျက် ကြည် နာ နှင့် မျက် ကြည်ပါး သော ရောဂါ များ တွင် မျက်စိ ပေါက် သည် အထိဖြစ်တတ်သည်။
ကြာရှည်သုံး လျှင် မှို စွဲ ခြင်း ၊ အ တွင်း တိမ်ဖြစ် ခြင်း ၊ ရေ တိမ် ဖြစ်နိုင် ခြေ များ လာ ခြင်း တို့ ဖြစ်တတ် သည်။
မျက်စိ သူ ငယ် အိမ် ကျဉ်း စေ သော Pilocarpine သည် ကြာရှည် သုံး က အာရုံ လွှာကို ကွာစေ တတ်သည်။ အတွင်း တိမ် ကို ဖြစ် စေတတ် သည်။ မတည့် က ချွေးထွက်လွန် ခြင်း ၊ မူး ဝေ ခြင်း ၊ အော့ အန် ခြင်းများ ဖြစ် စေ တတ် သည်။
မျက်စိ သူငယ် အိမ် ကျယ် စေ သော Atropine ဆေးသည် ၁၁ရက် ၊ ၁၂ရက် အ လောက် ထိ ကျယ် နေ စေ တတ်သည်။
အမြင်ဝါး ခြင်း ၊ ပူ ခြင်း ၊မျက် နှာ နီမြန်း ခြင်း များ ဖြစ် စေ တတ် သည်။
ငွေ နှင့် ပြဒါးပါသော မျက်စဉ်း များ ကြာရှည်သုံးက မျက် မြှေးကို ခဲေ၇ာင်သင့်စေ တတ် သည်။
ငွေ Silver Nitrate ၅% ကျော် ပါသော မျက် စဉ်းဆေး၊ Cocine ပါသောမျက်စဉ်း ဆေး များ သည် မျက် ကြည် လွှာ ကို ပျက် စီး စေ တတ်သည်။

Eye DRop _ မျက်စဉ်း

မျက်စဉ်း
မျက်စဉ်းသည် တ ခါ ခပ် လျှင် တ စက်သာ ခတ် ဖို့  လို ပါ သည်။ တစက်ထက်ပို ခတ် လို့  မျက် စိပို မကြည်လာ နိုင် ပါ ၊၊ မျက် စိ နှင့် မ ဆံ့ သဖြင့်သာ လျှံ ကျ သွား ဖို့  ရာ သာ ရှိ ပါ မည်။အဓိ က မှာ မျက်ကြည်သားနှင့် မျက်စဉ်းဆေး ထိတွေ့  မှု ကျယ်ပြန့်  စေ ရေး သာ ဖြစ်သည်။
မျက်စဉ်းအမျိုး မျိုး ရှိ သည်။ ကော်မျက်စဉ်း ၊ အဆီမျက်စဉ်း ၊ အ ရည်မျက်စဉ်း စသဖြင့် ရှိကြသည်။အရောင် ကျ စေ သော မျက်စဉ်း ၊ ရောဂါ ပိုးသေစေ သော မျက်စဉ်း ၊ မျက် စိ သူငယ်အိမ် ကျယ် စေ သော မျက်စဉ်း ၊မျက် စိ သူငယ်အိမ် ကျဥ်း စေ သော မျက်စဉ်း၊ မျက်စိအတွင်း ရေ တိမ် ကျ စေ သော မျက်စဉ်း၊မျက်စိ အား သ ဘာ ဝ အတိုင်း စို စွတ် စေ သောမျက်စဉ်း စ သ ဖြင့် အ မျိုးမျိုး ရှိသည်။ဖြစ်သော ရော ဂါ နှင့် မ ကိုက် သော မျက်စဉ်း သုံးမိ က မှို စွဲ ခြင်း ၊ မျက်စိ၊ မျက်ခွံေ၇ာင်ခြင်း ၊ ရော ဂါ ရတိုးရ ပြီး မျက်စိ ကွယ် သည် အ ထိ ပင်ဖြစ် စေ နိုင် ပါသည်။
အရောင်ပြောင်းနေသော မျက်စဉ်း များ ကို မသုံး သင့် ပါ။
မျက်စဉ်းက သန်စင် ဖို့  လို သ လို၊ မျက် စဉ်း ဗူး ကို လည်း သန့်  ရှင်းနေ အောင် ထား ရ မည်။မျက်စဉ်း ဗူးအဝ ကို မျက်သား နှင့် ပင် မ ထိ စေ သင့် ပါ ။မျက် စိဆေး သော ခွက် ကလေး များ ကို လည်း သုံး ပြီး တိုင်း ဆေး ပေး သင့် သည်။
မျက်စဉ်း ကို မလိုအပ် ပဲ အ ခပ်သင့် ပါ ။ မျက် စိ ကို ထိခိုက် မိ ခြင်း ၊မျက် စိ အ တွင်း ပိုး ဝင်ခြင်း များ ဖြစ် စေ တတ် သည်။
ရော ဂါဖြစ်သဖြင့်သုံးရ သော မျက် စဉ်း တိုင်းတွင် ဘေး ထွက် ဆိုး ကျိုး ဖြစ်သေး ရာ မ လို ပဲခတ် က ပို လို့  ပင် ဆိုး စေ ပါ မည်။

TInt Lens -အရောင်ပါ မျက်မှန်

အရောင်ပါ မျက်မှန်
အရောင်ပါ မျက်မှန်တပ်ဆင်သင့်သူများမှာ-
(၁) နေပူထဲသွားလာရသူ
(၂) အတွင်းတိမ်ခွဲထားသူ
(၃) အပူရှိန်ပြင်းသော ပစ္စည်းများ နှင့် အလုပ်လုပ်ရသူ
(၄)မျက်စိရောဂါရှိသူ
(၅)မျက်စိနာနေသူ
စာကြည့်မျက်မှန်ကို အရောင်ပါ မျက်မှန်မသုံးသင့်ပါ။
Photo Gray ၊ Photo Sun မျက်မှန်များ က တော့ အလင်းရောင်များလျင်မှန်အရောင်မှောင်သွားပြီးအလင်းရောင်နည်းလျှင်မှန်အရောင်သည်ပိုမိုကြည်လင်လာအောင်လုပ်ထားသည်။

BIfocal Lens -ကအဝေးအနီးကြည့်မှန် သို့ မ ဟုတ် နှစ်ထပ်မျက်မှန်

ကအဝေးအနီးကြည့်မှန် သို့ မ ဟုတ် နှစ်ထပ်မျက်မှန် ( Bifocal Lens )
ဒီအဝေးအနီးကြည့်မှန် သို့ မ ဟုတ် နှစ်ထပ်မျက်မှန် တွင် မှန်အပေါ်ပိုင်းသည် အဝေးကြည့်အတွက်ဖြစ်ပြီး မှန်အောက်ပိုင်းသည်အနီးကြည့်အတွက်ဖြစ်သည်။
အားသာချက်မှာ အနီးအဝေးမျက်မှန်၂လက်ဆောင်ထားစရာ မလိုတော့ခြင်း၊
စရိတ်သက်သာခြင်း၊ အနီးရော အဝေး ပါ အလုပ်လုပ်ရသော ရုံးလုပ်ငန်း များ အတွက် သင့်တော်ခြင်း တို့ ဖြစ်သည်။
သို့ သော် လူအများ က အသက်ကြီးသော သဘောဆောင်သည် ဆို ကာ သိပ် မ တပ် ချင် ကြ ပေ။
တပ်ခါစတွင် အနီး အဝေး ပါဝါ မ တူ သ ဖြင့် အနီး မှ ဝေး သို့  ၊ အဝေး မှ အ နီး သို့  ရုတ် တ ရက်ပြောင်း ကြည့် က
မြင်ကွင်း တွင် နိမ့် လိုက် မြင့် လိုက်ဖြစ်တတ် သည်။ဆက်တိုက် ဆက်တပ် ကအကျင့်ရ ကာ ပျောက် သွား ပါ မည်။
အနီး ( စာကြည့်) ရ သော အ လုပ် ပို များ လျှင် အောက် ပိုင်း မှန် ကို ကြီး ကြီး လုပ် ခြင်း ၊
အဝေး ကြည့် ပို လုပ် ရ လျှင် ပေါ်ပိုင်း ကို ပို ကြီး ကြီး လုပ် ခြင်း များ ပြုလုပ် နိုင်သည်။
သို့ သော် မျက်စိ တဘက်နှင့် တဘက် အနိမ့် အ မြင့် မတူ ညီ သူ များ ဒီ နှစ်ထပ် မျက်မှန် ကို မတပ် ဆင် သင့် ပါ။

မျက် မှန်
မျက်စိ မှုန် ရင် မျက်မှန် တတ် သင့်ပါသည်။
တွေ့  က ရာ မျက် မှန် မ တတ် သင့် ပါ။
ကို ယ်နှင့် သင့် တော် ရာ ကို စစ် ဆေး ပြီး မှ တတ် ဆင် သင့် ပါ သည်။
ကိုင် အနေ အ ထား သည် မိ မိ ၏ မျက် နှာ ၊ မျက် လုံး များ နှင့် သင့် တော် ကိုက် ညီရ ပါ မည်။
organic မှန် များ သည် အ ပွန် အ ခြစ် ဒ ဏ် ခံ နိုင် ကြ သည်။
အပူ ချိန် အပြောင်း အလဲ မြန် သဖြင့် ရေ ငွေ့  ရိုက် ခြင်း သက် သာတတ် သည်။
မှန် အပြား သည် စာ ကြည် ရန် အ တွက် သာ ကောင်း ပြီး ဝေး ကြည့် ပါ က မျက် လုံး ပုံ စံ အ တိုင်း ရှိ သော လေးကိုင်း ပုံ ကွေး ကွေး ခွက် ခွက် လေး မှ သာ မျက် လုံး လှုပ် ရှား တိုင်း ကောင်း ကောင်း မြင် နိုင် ပါ မည်။
မှန် ထူ ပါက ဘေး ကြည့် မကောင်း သ ဖြင့် ခေါင်း ပါ လှည့် လှည့် နေ ရ တတ် သည်။မှန် ပါး လျှင် မူ ထို သို့  မ ဖြစ် တတ် ပါ။
က လေး များ အတွက် ဆို လျှင် မှန် ကြီး ကြီး တတ် ပေး သင့် ပါ သည်။ သို့  မှ သာ မှန် ပေါ် က ကျော် ကြည့် ခြင်း ၊ မှန် ဘေး က ကြည့် ခြင်း များ မဖြစ် နိုင် တော့  ပေ ။
ပါ ၀ါ များ သူ များ ၊ အတွင်းတိမ် ခွဲ ပြီး သူ များ တွင် မျက် မှန် အ လယ် တ ခု တည်း မှ သာ ကောင်း ကောင်း မြင် ရ လေ့ ရှိသော် လည်း ဇွဲ မ လျော့  ပဲ တတ် ဆင် သင့် ပါ သည်။ဝ

Blurr Eyes

လူ ကြီး များ တွင် အနီး မှုန် ဖြစ် လေ့ ၇ှိ ကြ သည်။
ကလေး ၊ လူငယ်များ တွင် အဝေး မှုန် ဖြစ် တတ် သည်။

အ လွယ် မှတ် ချင် ရင် ---ကြီး = နီး ၊ လေး = ဝေး ဟု မှန် နိုင် သည်။

Eye careမျက်စိ

မျက်စိ ကို လို သည် ထက်ပို သုံးလျှင် ၊ မျက်စိ ခံ နိုင် ရည် နည်း ပါး လာ လျှင် မျက် စိ ကိုက် ခြင်း ၊ မျက် ရိုး ကိုက် ခြင်း ၊ ခေါင်း ကိုက် ခြင်း ၊ မျက် စိ မှုန်ခြင်း ၊ မျက် စိ ညောင်းကိုက် ခြင်း များ ဖြစ် လာ တတ် သည်။

အနီး ကြည့် မှုန် သူသည် မျက် မှ န် မပါ ဘဲ အနီး ကြည့်  ပါ များ လျှင် မျက် လုံး အလုပ် ပို လုပ် ရ သဖြင့် မျက် စိ ကိုက် တတ် သလို ၊ အဝေး ကြည့် မှုန် ပါက မျက် မှန် မပါ ဘဲ မြင် ရ သော် လည့်းမျက် စိ ကြွက်သား များ အနီး သို့ ဆွဲ ကာ ကြည့် ပါ များ လာ လျှင်မျက် စိ ကိုက် တတ် သည် ။

မျက် စိ တဘက် နှင့် တဘက် အမြင် အား မ တူ လျှင် မျက် လုံး ကြွက်သား များ အနေ အထား ပုံစံ မမှန် ဖြစ် ကာ ဝေ ဒနာ ပို ခံ စား ရ တတ် သည်။
အာရုံကြောအား နည်း သူ ၊ ပူပန်မှုများ သူ များ တွင် ပို ခံစားရ တတ် သည် ။
နာလန်ထစ အချိန်များ နှင့် နာမကျန်း ချိန်များ တွင် မျက် စိ မှုန် မှု ပို ဆိုး တတ် သည်။

အနီး ကြည့် မှုန်လျှင် စာကြည့် နေ စဉ် မျက် လုံးများ ပြာ ဝေ ခြင်း ၊ စာ လုံး များ ရော ကာ ဝါး သွား ပြီး စာကြောင်း များ ထပ်သွား တတ် သည်။မျက် ခွံ များ လေး လာ ပြီး အိပ် ငိုက် လာ တတ် သည်။

မျက် စိ မှိတ် ပေး ခြင်း ၊ မျက် နှာ သစ် ခြင်း များ ဖြင့် အနား ပေး ရ မည်။ မဟုတ် ပါ က မျက် စိ အောင့် ခြင်း နာ ကျင် ခြင်း ၊ ထို မှ ပို ဆိုး ကာ မျက် ရိုး ကိုက် ခြင်း ၊ ခေါင်း ကိုက် ၊ ဇက် ထိုး ခြင်း များ ဖြစ် လာ တတ် သည်။နောက် ဆုံး အာ ရုံကြောလိုက် ကာ နောက် ကြော ကိုက် ခြင်း ၊ လက် များ ကိုက် ခြင်း များ အ ထိ ဖြစ် တတ် သည်။

မျက် စိ ညောင်း ပြေ ရန် လက် နှင့် ပွတ် ပါက လည်း ပိုး ဝင် ပြီး မျက် စိ နာေ၇ာ ဂါ ဖြစ် တတ် သေး သည်။

မျက် စိ မှုန် ပြီ ဆို ပါ က အလုပ်နား ချိန် ညနေ ပိုင်း တွင် ပို ခံစား ရ တတ် သည်။
ခေါင်း မူး ခြင်း ၊ ပျို့  အန် ခြင်း များ ဖြစ် တတ် သေး သည်။
က လေး တွေ က မျက် စိ စုံ မှိတ် ခြင်းကို ခဏ ခဏ လုပ် လုပ် နေ တတ် သည်။

မျက် မှန် လို လို့  မှုန် တာ ဆို ရင် မျက် မှန် တတ် ပေး က ပျောက် နိုင် သော် လည်း ရော ဂါ ကြောင် မှုန် တာ ဆို လျှင် တော့ ထိုေ၇ာ ဂါရှိနေသ မျှ မျက် မှန် တတ်သော် လည်း အ ပြည့် အဝ ကောင်း မည် မ ဟုတ် ပါ ။

 
May You Meet
TrustWorthy Persons
in Your Life

KoGyiThu
ဒီ ဘလော့ မှာ Photo တွေ ကို Blogspot က နေ တင် ပြီး တဆင့်  သုံး တဲ့  အ တွက် မြန် မာ နိုင် ငံ မှ အင်တာနက် သုံး သူ များ အနေ ဖြင့် photo တွေ ကို မြင် ရ မှာ မ ဟုတ် ပါ ဘူး ။ကို ကြီး သူ က အမှတ် တ၇ တင် ထား တာ သက် သက် ဆို တော့  နောင် များ မှာ UnBlocking the Blog အချိန် လေး များ ရောက် ရင် တော့ံ ပြန် ကြည့် နိုင် မှာ ကို ကို ယ် တိုင် လဲ မျှော် လင့် နေ ရ ကြောင်း ပါ ခင် ဗျာ .။