ဆံပင်ရဲ့ သက်တမ်း
ဆံပင်တစ်ချောင်းခြင်း ရဲ့ သက်တမ်းက ၆ နှစ် အထိဆက်လက် ရှည်ထွက်နေ နိုင်တယ်။ ပြီးရင် သူ့ ဘာသာကျွတ်ထွက်သွားတယ်။ ဆံပင်တွေက ဦးခေါင်းမှာ အများကြီးရှိတော့ ဆံပင်တွေ ပုံမှန် ကျွတ်နေတာ က သာမန်နှုန်းနဲ့ ဆိုရင် မသိသာဘူးဖြစ်သွားတယ်။ များသောအားဖြင့် အကြောင်းတစ်ခုခု ကြောင့် ဆံပင်တွေ ကျွတ်ချိန်မတိုင်ခင် ပိုမြန်မြန်ကျွတ်ကြမှသာ သတိထားမိတတ်ကြတယ်။
ဆံပင်ရဲ့ သက်တမ်း
Www.KoGyiThu.BlogSpot.Com, Friday, August 31, 2012ဆံပင်ရဲ့ တာဝန်
Www.KoGyiThu.BlogSpot.Com, Thursday, August 30, 2012
ဆံပင်ရဲ့ တာဝန်
ဆံပင်ရဲ့ သဘာဝတာဝန်ကတော့ ဦးခေါင်းကို အလွယ်တကူ ပူလွယ်၊အေးလွယ် မဖြစ်ရအောင် ကာကွယ်ပေးခြင်းဖြစ်ပါတယ်။ ယနေ့ အခါတွင်တော့ ဒီ သဘာဝတာဝန် အပြင် အလှအပဖော်ကြူးရာ၊ မိမိတို့ ရဲ့ စရိုက်၊ ယဉ်ကျေးမှုနှင့် အဆင့်အတန်းကို ဖော်ပြရာ အဖြစ်လည်း အသုံးကျနေပါတယ်။
သန်စွမ်းတဲ့ဆံပင်
Www.KoGyiThu.BlogSpot.Com, Wednesday, August 29, 2012
(၁)ဆံပင် ဆဲလ်ပွားနေရာ
(၂)ဆံပင်ရောင်ခြယ်
(၃)အာဟာရပို့ သွေးကြော
ဒီ ၃ ခု ကောင်းကောင်းအလုပ်လုပ်ရင် ယေဘုယျအားဖြင့် ဆံပင်ကိုသန်စွမ်းကျန်းမာစေပါတယ်။
နူးညံ့ပြော့ပြောင်းတဲ့ သဘာဝဆံပင်
Www.KoGyiThu.BlogSpot.Com, Tuesday, August 28, 2012
နူးညံ့ပြော့ပြောင်းတဲ့ သဘာဝဆံပင်ဖြစ်ရတာဟာ ဆံပင်တိုင်းရဲ့ အရင်းမှာရှိတဲ့ အဆီအိတ်ကနေ ထုတ်ပေးတဲ့ အဆီတွေကြောင့် ဆံပင်ရဲ့ အပြင်ဘက်ဆုံးအလွှာဟာ အဆီလွှာတစ်ထပ်ဖုံးပြီးနူးညံ့ပြော့ပြောင်းနက်မှောင်နေနိုင်ခြင်းဖြစ်ပါတယ်။အဆီအိတ်တွေထဲကနေ အဆီဟာအထွက်လွန်ရင်လဲ အဆီပြန်လွန်းလို့ ဆံပင်ကျန်းမာရေး မကောင်းသလို၊ အဆီအထွက်နည်းရင်လည်း ဆံပင်ဟာကြွပ်ဆပ်ပြီး ဆံပင်ပြတ်လွယ်ကာ ဆံပင်ကျန်းမာရေး မကောင်းပြန်ပါဘူး။ ဆံပင်ကို လှချင်လို့ ပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် ဆိုးဆေးဆိုးပါကလည်း ဒီနူးညံ့ပြော့ပြောင်းစေတဲ့ အဆီလွှာမရှိနိုင်တော့ သဖြင့် ဆံပင်ကျန်းမာရေးကိုထိခိုက်စေပါတယ်။
ှ
ဆံပင်ဖြူ နှင့် ဆံပင်အရောင်တို့ သဘာ
Www.KoGyiThu.BlogSpot.Com, Monday, August 27, 2012
ဆံပင်ဖြူ နှင့် ဆံပင်အရောင်တို့ သဘာဝ
ဆံပင်ရဲ့ မူလသဘာဝ အရောင်မှာ အရှေ့တိုင်းက ဆံပင်အရောင်က အမဲရောင် ဖြစ် ပြီး ၊ အနောက်တိုင်းဆံပင်အရောင်က ရွှေအိုရောင်ဖြစ်ပါတယ်။ ဒါက Gene နဲ့ ဆိုင်ပြီး သဘာဝအရောင်ဖြစ်လို့ 
မိမွေးတိုင်းဆို ဒီအတိုင်းပဲ ရှိကြပါတယ်။Gene ကို ပြင်ချင်လို့ မရပါဘူး ။ အရှေ့တိုင်းသူတွေ ရွှေအိုရောင်ဆံပင်နဲ့ ဆိုရင် ဒါဟာ ဆေးဆိုးထားတဲ့  အရောင်ပါ၊ အဲဒိဆေးဆိုးထားတဲ့ ဆေးရဲ့ သက်တမ်း ဒါမှမဟုတ် အဲဒိဆေးဆိုးထားတဲ့ ဆံပင်ရဲ့ အသက်အတိုင်းအတာ အထိ ပဲ အဲဒိဆံပင်ဟာ အဲဒိလို အရောင် ဖြစ်နေနိုင်ပါတယ်။နောက်ကြရင်တော့ မူလသဘာဝအရောင် အနေနဲ့  ပဲ ထပ်ထွက်လာမှာပါ။ ( ဆံပင်ဆိုးကြတဲ့အခါ ဆံပင်ရဲ့ ရှိသင့်တဲ့အဆီလွှမ်းအလွှာကို ပါ ပွတ်စားပြီး အရောင်ပြောင်းချင်ကြတဲ့ လှချင်ကြသူတွေ ဒီအချက်ကိုပါ စဉ်းစားသင့်ပါတယ် )
ဆံပင်ရဲ့ အရောင်ဟာ တိုင်ရိုစင်းဆိုတဲ့ ကုန်ကြမ်းကနေ နောက်ဆုံး မယ်လနင်ဆိုတဲ့ ရောင်ချယ်တွေထွက်တဲ့အထိ အဆင့်ဆင့် အဆင်ချောနေမှ မူလသဘာဝအရောင်တွေ ဟာကောင်းကောင်း မွန်မွန်ရှိနေနိုင်မှာပါ။ ဒီအချက်ကတော့ ဆံပင်တွေကဖြူနေပြီ၊စိတ်ညစ်ပါတယ်ဆိုတဲ့ သူတွေအတွက် သိအပ်တဲ့အချက်ဖြစ်ပါတယ်။ဒီနေရာမှာ ကျွန်တော်တို့ manage and controlလုပ်နိုင်တာက တော့ ကုန်ကြမ်းအဆင့်ဖြစ်တဲ့ တိုင်ရိုဆင်းပါ ။ဆံပင်အရောင်ရဲ့ ကုန်ကြမ်းတိုင်ရိုဆင်း ဟာ ရွှေဖရုံစေ့၊ ထောပတ်သီး၊ ငှက်ပျောသီး၊ နွားနို့ ၊ သားငါးမျိုးစုံမှာ ပါပါတယ် ။ ဒီအစားအစာတွေကို သေသေချာချာစားကြရင် ဆံပင်ရဲ့ မူလသဘာဝအရောင်ဖြစ်တဲ့ အရှေ့တိုင်းက ဆံပင်အရောင်က အမဲရောင် ၊ အနောက်တိုင်းဆံပင်အရောင်က ရွှေအိုရောင် တို့ ကို ထိန်ထားနိုင်ပါမယ်။ဆိုးဆေးအရောင်ကတော့ အာနိသင်ရှိနေဆဲသက်တမ်းတစ်ခုအတွက်သာဖြစ်ပါတယ်။